Connect with us

Asia

မြောက်ကိုးရီးယား နျူကလီးယား သုသေတန ဌာနမှ Yongbyon နျူကလီးယား သုသေတန စင်တာရှိ လုပ်ငန်း အလုံးစုံ ပုံမှန် ပြန်လည် လည်ပတ် နေပြီ ဖြစ်ကြောင်း ထုတ်ပြန်

မြောက်ကိုးရီးယား နိုင်ငံ (DPRK) Yongbyon နျူကလီးယား သုသေတန စင်တာ (ဆင်ဟွာ)

ပြုံယမ်း ၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မြောက်ကိုးရီးယား နိုင်ငံ (DPRK) နျူကလီးယား သုသေတန ဌာနမှ Yongbyon နျူကလီးယား သုသေတနစင်တာ ရှိ လုပ်ငန်း များအား ပြန်လည်၍ ပုံမှန် လည်ပတ်နေပြီ ဖြစ်ကြောင်း ယနေ့တွင် တရားဝင် ထုတ်ပြန် ကြေညာခဲ့သည်။

မြောက်ကိုးရီးယား နိုင်ငံ (DPRK) နျူကလီးယား သုတေသန ဌာန ဌာနမှူး မှ အမေရိကန်သည် မြောက်ကိုးရီးယား အပေါ် အစွန်းရောက် ရန်သူ မူဝါဒနှင့် ခြိမ်းခြောက်မှုကြောင့် မြောက်ကိုးရီးယား နိုင်ငံ အနေဖြင့် ယခုကဲ့သို့ ကိုယ်ပိုင် ကာကွယ်ရေး ဆောင်ရွက်မှု ပြုလုပ်ရခြင်း ဖြစ်ကြောင်း ယနေ့တွင် နိုင်ငံတကာသို့ ပြောကြား ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ချက်တွင် အမေရိကန်နိုင်ငံ အနေဖြင့် မြောက်ကိုးရီးယားနိုင်ငံ (DPRK) အပေါ် ရန်သူ မူဝါဒ ဆက်ဆံရေးသည် မြောက်ကိုးရီးယား နိုင်ငံအား ပိုမို အခက်တွေ့လာပါက မြောက်ကိုးရီးယား နိုင်ငံ အနေဖြင့် အချိန်မရွေး တိုက်ပွဲ ရင်ဆိုင် သွားရန် အဆင်သင့် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ် နိုင်ငံ ပေကျင်း မြို့၌ ပြုလုပ် ခဲ့သည့် ၆ နိုင်ငံ ဆွေးနွေးပွဲတွင် မြောက်ကိုးရီးယား နိုင်ငံ အနေဖြင့် Yongbyon နျူကလီးယား သုသေတန စင်တာ အား ရပ်ဆိုင်းရန် သဘောတူခဲ့ သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117