Connect with us

Europe

ကမ္ဘာ့ အကြီးဆုံး အနက်ရောင်မှိုကို သြစတြေးလျတွင် တွေ့ရှိ

ကမ္ဘာ့ အကြီးဆုံး မှိုအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

မဲလ်ဘုန်း၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

သြစတြေးလျ နိုင်ငံသား တစ်ဦးသည် ၎င်း၏ လယ်တောအတွင်း ကမ္ဘာ့ အကြီးဆုံး အနက်ရောင် မှိုပွင့်အား တွေ့ရှိခဲ့ပြီး ထို မှိုအား ရောင်းချရန် အစီအစဉ် မရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် ယာရာ တောင်ကြားရှိ Woori Yallock မှ မှိုစိုက်ပျိုးရေးသမား တစ်ဦး ဖြစ်သူ စတူးအက် ဒန်ဘာသည် ၎င်း၏ လယ်တောအတွင်း အလေးချိန် ၁.၅၁၁ ကီလိုဂရမ်ရှိသော အနက်ရောင် မှိုအား တွေ့ရှိခဲ့သည်။ ယခု တွေ့ရှိခဲ့သည့် မှိုသည် ၂၀၁၂ ခုနှစ် ပြင်သစ်တွင် တွေ့ရှိခဲ့ပြီး ကမ္ဘာ့ စံချိန်တင်ခဲ့ သည့် အလေးချိန် ၁.၂၇၇ ကီလိုဂရမ်ရှိသော မှိုအား စံချိန်ချိုးလိုက်ခြင်း ဖြစ်သည်။
အဆိုပါ မှို၏ လက်ကားဈေးသည် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂,၂၀၀ ခန့်ရှိသော်လည်း ဒန်ဘာကမူ ၎င်း၏ မှိုအား ရေခဲသေတ္တာ၌သာ သိမ်းထားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“အဲဒီမှိုကို ဆားရည်စိမ်ထားပြီး သိမ်းထားမှာပါ” ဟု ဒန်ဘာက 3AW မဲလ်ဘုန်း ရေဒီယို ဋ္ဌာနသို့ သြဂုတ်လ ၂၃ ရက်၌ ပြောကြားခဲ့သည်။
မှို၏ အရသာနှင့် ရနံ့သည် ရှားပါးကာ တန်ဖိုးမဖြတ်နိုင်ကြောင်း၊ ယခုနှစ်တွင် ၎င်း၏ လယ်တောမှ အရွယ်အစား ကြီးမားသည့် မှို အမြောက်အမြား ထွက်ရှိကြောင်း ဒန်ဘာက ဆိုသည်။
အနက်ရောင် မှိုသည် အဖြူရောင် မှို ပြီးလျှင် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးသော စား၍ရသည့် မှိုဖြစ်ကြောင်း သိရသည်။
ဒန်ဘာသည် သိပ္ပံဘွဲ့ရရှိသူ တစ်ဦး ဖြစ်ပြီး ကျောက်မျက် ပညာရှင်ဟောင်း တစ်ဦးလည်း ဖြစ်ကာ မှိုအာလူးပေါင်းကို စားသုံးပြီးနောက် မှို စိုက်ပျိုးရေး လုပ်ငန်းသို့ ခြေစုံပစ်ဝင်ရောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117