Connect with us

Europe

စပိန်တွင် ရထားတိုက်မှုကြောင့် လူ ၄၁ဦး ဒဏ်ရာရရှိ

စပိန်နိုင်ငံတွင် နှစ်ထပ်ရထားတစ်စီး က ရထားလမ်းအတားအဆီးများအား တိုက်မိစဉ် (ဓါတ်ပုံ-အင်တာနက်)

မက်ဒရစ်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့ အရှေ့ဘက် ၄၀ကီလိုမီတာခန့်အကွာ Alcala de Henares ရထားဘူတာရုံ၌ ဒီဇင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းက ပြည်တွင်း နှစ်ထပ်ရထားတစ်စီး သည် ရထားလမ်းအတားအဆီးများအား ဝင်တိုက်မိရာ လူ၄၁ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၄ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း အရေးပေါ်ဝန်ဆောင်မှုဋ္ဌာနများ၏ ပြောကြားချက်အရ သိရသည်။

ယင်းရထားမတော်တဆမှုသည် ဒေသစံတော်ချိန် ၁၆း၀၀နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကြောင်းရင်း အတိအကျကို မသိရှိရသေးသော်လည်း ရထားမောင်းသူသည် အယ်လ်ကိုဟော နှင့် မူးယစ်ဆေးဝါးသောက်သုံးထားခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရ၍ ရထား၏ဘရိတ်စနစ်တွင် ချို့ယွင်းချက်ရှိနေသည်ဟု ယူဆရကြောင်း သိရသည်။

ရထားသည် အတားအဆီးများ နှင့် တိုက်မိချိန်တွင် အရှိန်ဖြင့် မောင်းနှင်နေခြင်းမဟုတ်သော်လည်း ယင်းအချိန်၌ ခရီးသည်အများအပြားသည် မတ်တပ်ရပ်၍ စီးနင်းနေသောကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း Alcala မြို့တော်ဝန် Javier Rodriguez Palacios ကပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူများအား ပြည်တွင်းဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ပြီး စပိန်နိုင်ငံ ဝန်ကြီးချုပ် Mariano Rajoy က ထိခိုက်ဒဏ်ရာရရှိခဲ့သူများ နှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် ဆုတောင်းမေတ္တာပို့သပေးခဲ့ကာ အလုပ်သမားဝန်ကြီး Inigo de la Serna သည် အခင်းဖြစ်ပွားရာသို့ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။စပိန်နိုင်ငံ ရထားလမ်းအော်ပရေတာ Renfe ကုမ္ပဏီက ယင်းမတော်တဆမှုကို စုံစမ်းစစ်ဆေးနေကြောင်း နှင့် ရထားပြေးဆွဲမှုကို ရပ်တန့်ထားခြင်းမရှိကြောင်းပြောကြားခဲ့သော်လည်း ရထားချိန်အချို့ နှောင့်နှေးခဲ့ရကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117