Connect with us

Europe

ဆွီဒင် နိုင်ငံ တွင် ၂၀၁၇ ခုနှစ် ၌ သေနတ် ပစ်ခတ်မှုပေါင်း ၃၂၀ ကြိမ် ဖြစ်ပွား

သေနတ် အရောင်းဆိုင် တစ်ခု တွင် ဈေးဝယ်သူ တစ်ဦး သေနတ် အား စစ်ဆေးနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

စတော့ဟုမ်း ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

ဆွီဒင် နိုင်ငံ ရဲတပ်ဖွဲ့ က ဇန်နဝါရီ ၁၉ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက် တွင် ၂၀၁၇ ခုနှစ်၌ ဆွီဒင် နိုင်ငံ တွင် သေနတ် ပစ်ခတ်မှုပေါင်း ၃၂၀ ကြိမ် ဖြစ်ပွား ခဲ့ပြီး ၎င်းတို့ အနက် သုံးပုံတစ်ပုံကျော် သည် မြို့တော် စတော့ဟုမ်း တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဆွီဒင် နိုင်ငံ ရုပ်သံဌာန ၏ ဖော်ပြချက်အရ ယခင် နှစ်၌ ဖြစ်ပွား ခဲ့သည့် သေနတ် ပစ်ခတ်မှုများ အတွင်း အကြိမ်ပေါင်း ၁၂၀ သည် မြို့တော် စတော့ဟုမ်း တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး လူပေါင်း ၁၉ ဦး သေဆုံးကာ ၄၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ယင်း သေနတ် ပစ်ခတ်မှုများသည် တရားဥပဒေ စိုးမိုးရေး အားနည်းသည့် ဒေသများတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ဒုစရိုက် ဂိုဏ်အချင်းချင်း တိုက်ခိုက်မှုများဖြစ်ကာ အများစု မှာ ဒုစရိုက် ဂိုဏ်များအကြား မူးယစ်ဆေးဝါး အငြင်းပွားမှုများကြောင့် ဖြစ်ခဲ့ကြောင်း သိရှိရသည်။

ဆွီဒင် နိုင်ငံ ရဲတပ်ဖွဲ့ နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှု တာဝန်ခံ က သေနတ်ပစ်ခတ်မှုများ ၏ ရက်စက်မှု အတိုင်းအတာ မှာ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး တိုက်ခိုက်သူများ အနေဖြင့် မသက်ဆိုင်သူများ ထိခိုက်ဒဏ်ရာရရှိမှု အပေါ် စဉ်းစားမှုမှာလည်း တဖြည်းဖြည်း လျော့ကျလာကြောင်း ၊ ရဲတပ်ဖွဲ့ အနေဖြင့် နည်းလမ်းသစ်များကို ရှာဖွေပြီး ပိုမို ထိရောက်စွာ အရေးယူရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)