Connect with us

Europe

ရုရှားရှိ ဈေးဝယ်စင်တာတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွား၍ လူ ၁၀ဦး ဒဏ်ရာရရှိကြောင်း ရုရှားအာဏာပိုင်များပြောကြား

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ရုရှားနိုင်ငံ စိန့်ပီတာဘာ့ခ်မြို့ ရှိ ဈေးဝယ်စင်တာအားတွေ့ရစဉ် (ဆင်ဟွာ/Reuters)

မော်စကို၊ ဒီဇင်ဘာ ၂၈ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ စိန့်ပီတာဘာ့ခ်မြို့ ရှိ ဈေးဝယ်စင်တာတစ်ခု၌ ဒီဇင်ဘာ ၂၇ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ စုစုပေါင်း လူ ၁၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားအာဏာပိုင်များက ပြောကြားခဲ့သည်။

စိန့်ပီတာဘာ့ခ်မြို့ မြောက်ပိုင်း ဈေးဝယ်စင်တာအတွင်းရှိ စူပါမားကတ်တစ်ခု၏ လော့ခ်ကာ (Locker) တစ်ခုအတွင်း ၌ ထည့်ထားသော ဖောက်ခွဲရေးပစ္စည်းတစ်ခု သည် ဒေသစံတော်ချိန် ၁၈း၄၅နာရီတွင် ပေါက်ကွဲခဲ့ပြီး လူအများအပြားဒဏ်ရာရရှိခဲ့ကာ ဈေးဆိုင် ပစ္စည်းများ ပျက်စီးခဲ့ရကြောင်း သိရသည်။

ရုရှားနိုင်ငံ စုံစမ်းစစ်ဆေးရေးကော်မတီ စိန့်ပီတာဘာ့ခ်ဋ္ဌာန အကြီးအကဲ Alexander Klaus က ဒဏ်ရာရရှိသူ ၁၀ဦးကို ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် လူပေါင်းများစွာကို အဆောက်အအုံအတွင်းမှ ကယ်ထုတ်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာပတ်ဝန်းကျင် တွင် ယာဉ်ကြောပိတ်ဆို့မှုများ ခဏဖြစ်ပွားခဲ့ကြောင်း ပြည်တွင်းသတင်းဋ္ဌာနကဖော်ပြခဲ့သည်။

စုံစမ်းစစ်ဆေးရေးကော်မတီက ယင်းဖြစ်စဉ် အား အဖွဲ့တစ်ခုဖွဲ့စည်း၍ စတင်စစ်ဆေးနေပြီး ယင်းအဖွဲ့တွင် ကော်မတီမှ ကျွမ်းကျင်သူများ နှင့် အရာရှိများပါရှိကြောင်း နှင့် ဖယ်ဒရယ်လုံခြုံရေးဋ္ဌာန (FSB) နှင့် ပြည်ထဲရေးဝန်ကြီးဋ္ဌာနသည် အခင်းဖြစ်ပွားရာတွင် စုံစမ်းစစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်း ကော်မတီက ထုတ်ပြန်ချက်အရသိရသည်။

ကနဦး စစ်ဆေးတွေ့ရှိချက်များအရ ဖောက်ခွဲရေးအတွက်အသုံးပြုသည့် ဓါတုဒြပ်ပေါင်းတစ်ခုဖြစ်သော TNT ၂၀၀ဂရမ် နှင့် ညီမျှသော ပစ္စည်းများကို ဖောက်ခွဲရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.