Connect with us

Europe

ဂျာမနီတွင် အဝေးပြေးတံတား ပြိုကျမှု၌ ၂ ဦး သေဆုံး

ဂျာမနီနိုင်ငံ ဘာဗေးရီးယား ပြည်နယ် တွင် ပြိုကျခဲ့သည့် အဝေးပြေးတံတားအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မြူးနစ်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဘာဗေးရီးယား ပြည်နယ်ရှိ အဝေးပြေးတံတား ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဇွန်လ ၁၅ ရက် နေ့လည်ပိုင်းက တံတား၏ ကိုယ်ထည် တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့မှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး အခြား ၆ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

တံတားပြိုကျမှုသည် အောက်ဖရန်ကိုနီးရား ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူပေါင်းများစွာ အသေးစား ဒဏ်ရာများ ရရှိခဲ့ကြောင်း ပြည်တွင်း မီဒီယာတစ်ခု ဖြစ်သည့် ဘာဗေးရီးယား ရေဒီယိုက ရဲဋ္ဌာန၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြသည်။
ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က အပျက်အစီးများ အောက်တွင် ပိတ်မိနေသည့် အလုပ်သမား ရှိနေသေးကြောင်း ပြောသည်။
၎င်း၏ ပြောကြားချက်အရ တံတားသည် မီတာ ၂၀ အမြင့်မှ မြေပြင်သို့ ရုတ်တရက် ပြိုကျခဲ့ပြီး တံတားပြိုကျ ချိန်တွင် လုပ်ငန်းခွင်၌ အလုပ်သမား ၂၀ ခန့် အလုပ်လုပ်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.