Connect with us

Europe

ရွေးကောက်ခံ ပီရူး သမ္မတသစ် ပထမဆုံး ပြည်ပခရီးစဉ် အဖြစ် တရုတ် နိုင်ငံသို့ သွားမည်

ရွေးကောက်ခံ ပီရူး သမ္မတသစ် ပတ်ဒရို ပက်ဘလို ကူဂျင်စကီးအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

လီမား၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

ပီရူး သမ္မတသစ် ဖြစ် ရွေးကောက်ခံခဲ့ရသည့် ပတ်ဒရို ပက်ဘလို ကူဂျင်စကီး (Pedro Pablo Kuczynski) သည် လာမည့်လတွင် သမ္မတအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ် အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

ယင်းပထမဆုံး တရားဝင် ခရီးစဉ်အား နိုဝင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်များအတွင်း ပီရူးနိုင်ငံ မြို့တော် လီမား၌ ပြုလုပ်မည့် အာရှ-ပစိဖိတ် စီးပွားရေးဖိုရမ် (APEC) မတိုင်မီ သွားရောက်မည် ဖြစ်ကြောင်း Channel 2 တီဗီ အစီအစဉ်သို့ ကူဂျင်စကီးက မကြာသေးမီက ပြောကြားခဲ့သည်။
“ဘာကြောင့်လဲဆိုတော့ တရုတ်ဟာ ကျွန်တော်တို့ရဲ့ နံပါတ် ၁ ကုန်သွယ်မှု မိတ်ဖက် ဖြစ်လို့ပါပဲ” ဟု သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကူဂျင်စကီးက ပြောသည်။
တရုတ် နိုင်ငံသည် ပီရူးနိုင်ငံ၏ အဓိက ကုန်သွယ်မှု မိတ်ဖက်၊ အထူးသဖြင့် သတ္တုတွင်း လုပ်ငန်း၌ ထိပ်ပိုင်း ရင်းနှီးမြှုပ်နှံသူ တစ်ဦးဖြစ်သလို ဘရာဇီးနိုင်ငံ ပင်လယ်ကမ်းရိုးတန်း ချိတ်ဆက် ပြေးဆွဲမည့် ရထားလမ်း စီမံကိန်းကြီး တစ်ခုလည်း မကြာခင်မှာ အကောင်အထည် ပေါ်လာတော့မည် ဖြစ်ကြောင်း လီမာရှိ ဆန်မာကို့စ် အမျိုးသား တက္ကသိုလ်၊ စီးပွားရေး သုတေသန အသင်း၏ ညွှန်ကြားရေးမှူး ကာလို့စ် အကွီနိုက ဆင်ဟွာသို့ ပြောသည်။
ရွေးကောက်ခံ သမ္မတအဖြစ် ပထမဆုံး သွားရောက်မည့် ခရီးစဉ်သည် ကုန်သွယ်မှု မြှင့်တင်ရေးအတွက် ဖြစ်ပြီး အထူးသဖြင့် ပီရူးနိုင်ငံ၏ တန်ဖိုးမြှင့် ထုတ်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့မှု မြင့်တက်ရေးအတွက် ဖြစ်ကြောင်း အကွီနိုက ပြောသည်။
သတ္တုတွင်း လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနှင့် အခြေခံ အဆောက်အအုံ စသည့် ကဏ္ဍများ၌ တရုတ် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရန်နှင့် တရုတ် ခရီးသွားဧည့်သည်များအား ပိုမိုဆွဲဆောင်နိုင်ရန် စိတ်ဝင်စားလျက် ရှိကြောင်း ၎င်းက ဆိုသည်။
တရုတ်နှင့် ပီရူး နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ရှိကြောင်း သိရ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117