Connect with us

Europe

ဆုလက်ခံရယူရန် နော်ဝေသို့ စိတ်ချစွာ သွားလာခွင့်ရရန် စနိုးဒန်း ကြိုးပမ်း

အက်ဒ်ဝပ် စနိုးဒန်းအား ၂၀၁၅ ခုနှစ်က CeBIT ကုန်သွယ်မှုပြပွဲ၌ တိုက်ရိုက် အင်တာဗျူး တစ်ခုတွင် တွေ့ရစဉ် (ဆင်ဟွာ)

အော်စလို၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံက အလိုရှိနေသည့် ဝရမ်းပြေး အက်ဒ်ဝပ် စနိုးဒန်း (Edward Snowden) သည် အမေရိကန် အစိုးရထံသို့ ပြန်လည် လွှဲပြောင်းခြင်း ခံရမည်ကို ကြောက်ရွံ့ခြင်းမရှိဘဲ ဆုလက်ခံရယူရန် နော်ဝေနိုင်ငံသို့ သွားရောက်ခွင့် ရရန် တရားဝင် အသနားခံစာ တင်သွင်းလိုက်ကြောင်း နော်ဝေ ဥပဒေလုပ်ငန်း တစ်ခုက ဧပြီလ ၂၁ ရက်က ပြောကြား ခဲ့သည်။

နော်ဝေ PEN အဖွဲ့အစည်းက ချီးမြှင့်သည့် ၂၀၁၆ ခုနှစ်အတွက် Ossietzky ဆုအား စနိုးဒန်း ရရှိကြောင်းနှင့် နိုဝင်ဘာလ ၁၈ ရက်တွင် ဆုလက်ခ ံရယူရန် ဖိတ်ကြားခဲ့ကြောင်း ဥပဒေလုပ်ငန်း တစ်ခုဖြစ်သည့် Schjodt က ထုတ်ပြန်ချက်၌ ပြောကြားထားပြီး စနိုးဒန်းအနေဖြင့် ယင်းဆုအား လူကိုယ်တိုင် လက်ခံရယူရန် စိတ်အားထက် သန်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် နော်ဝေနိုင်ငံသို့ လုံခြုံစွာ သွားရောက်ကာ ဆုလက်ခံရယူခွင့်နှင့် အမေရိကန်နိုင်ငံသို့ ၎င်းအား ပြန်လည် လွှဲပြောင်းခြင်း မပြုပါရန် ရေးသားထားသည့် အသနားခံစာ တစ်စောင်အား တရားမျှတရေးနှင့် ပြည်သူ့ လုံခြုံရေး ဝန်ကြီးဋ္ဌာနသို့ စနိုးဒန်း ကိုယ်စား အဆိုပါ ဥပဒေ လုပ်ငန်းက တင်သွင်းထားသည်။

စနိုးဒန်း၏ အမှုမှာ နိုင်ငံရေး သဘာဝအရ စွပ်စွဲခံထားရခြင်းသာ ဖြစ်ပြီး နော်ဝေနှင့် နိုင်ငံတကာ ဥပဒေများအရ စနိုးဒန်းကို အမေရိကန် နိုင်ငံသို့ လွှဲပြောင်းပေးခွင့် မရှိကြောင်း ယင်း ဥပဒေလုပ်ငန်းက ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။

အကယ်၍ စနိုးဒန်း က မိခင်နိုင်ငံ ဖြစ်သော နော်ဝေ နိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်လာခဲ့ပါက အမေရိကန် နိုင်ငံသို့ လွှဲပြောင်းပေးရန် အမေရိကန်က အစောပိုင်းတွင် တောင်းဆိုထားသော်လည်း ယင်းကိစ္စနှင့် စပ်လျဉ်း၍ နော်ဝေ အစိုးရက ရှင်းရှင်းလင်းလင်း ပြန်လည် ပြောကြားထားခြင်း မရှိကြောင်း ဒေသဆိုင်ရာ မီဒီယာများက ဖော်ပြခဲ့သည်။

စနိုးဒန်းသည် ၂၀၁၃ ခုနှစ်တွင် Code အမည် PRISM ဟုခေါ်သော အမေရိကန် စုံစမ်းထောက်လှမ်းရေး ပရောဂျက် တစ်ခု၏ လျှို့ဝှက်ချက်အား လူသိရှင်ကြား ဖွင့်ချလိုက်ပြီးနောက် သူလျှိုမှု အပါအဝင် အမေရိကန် နိုင်ငံတွင် ရာဇဝတ်မှု သုံးခုဖြင့် ရင်ဆိုင် နေရသည်။
လက်ရှိတွင် စနိုးဒန်းသည် ဒုက္ခသည် အဖြစ် ၂၀၁၃ ခုနှစ်က ရုရှား နိုင်ငံသို့ ရောက်ရှိနေပြီး သုံးနှစ် သက်တမ်းရှိ တရားဝင် နေထိုင်ခွင့် လက်မှတ် ကိုင်ဆောင်ထားသည်။ သို့ရာတွင် ယင်းအခြေအနေမှာ ရုရှား နိုင်ငံမှ တစ်ကြိမ် ထွက်ခွာခဲ့ပါက ပျက်ပြယ်သွားမည် ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117