Connect with us

Europe

ဘရာဇီးတွင် ကျောင်းသားများ လိုက်ပါလာသည့် ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် ၁၈ ဦးသေ

ဘရာဇီး တွင် ကျောင်းသားများလိုက်ပါလာသည့် ဘတ်စ်ကား တိမ်းမှောက်သွားပုံ (ဆင်ဟွာ)

ဘရာဇီး၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ အရှေ့တောင်ဘက် Sao Paolo ပြည်နယ်တွင် ဇွန်လ ၈ ရက်နေ့ည က တက္ကသိုလ် ကျောင်းသားများနှင့် ခရီးသည်များ တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုကြောင့် ၁၈ ဦး သေဆုံးခဲ့ကြောင်း မီဒီယာ တစ်ခုက ဇွန်လ ၉ ရက်တွင် ဖော်ပြခဲ့သည်။

ယာဉ်တိမ်းမှောက်မှုသည် ဇွန်လ ၈ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီတွင် Mogi das Cruzes မြို့နှင့် Bertioga မြို့တို့ကို ဆက်သွယ်ထားသည့် လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း ဘရာဇီး သတင်းဋ္ဌာန တစ်ခု ဖြစ်သည့် Globo က ၎င်း၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြခဲ့သည်။
ကားဒရိုင်ဘာ အပါအဝင် ခရီးသည် ၁၅ ဦးသည် အခင်းဖြစ်ပွားရာ၌ပင် သေဆုံးသွားခဲ့သည်။
အဆိုပါ ဘတ်စ်ကားသည် ခရီးသည် ၄၆ ဦး ကို တင်ဆောင်လာပြီး အများစုမှာ ကျောင်းသားများ ဖြစ်ကြောင်း နှင့် ကားဒရိုင်ဘာသည် ဘတ်စ်ကားအား အရှိန်မထိန်းနိုင်ဖြစ်ရာမှ လမ်းကြောင်းလွဲချော်ပြီး တိမ်းမှောက် ခဲ့ကြောင်း သိရသည်။
Globo အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည့် ဗီဒီယိုဖိုင်များအရ အခင်းဖြစ်ပွားရာသို့ လူနာတင်ကားများ ရောက်ရှိလာပြီး ဒဏ်ရာ ရရှိသူများအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.