Connect with us

Europe

ဗီယင်နာမြို့တွင် အဓမ္မပြုကျင့်ခံရသည့် ဂျာမန်အမျိုးသမီးအမှု တွင် ပါဝင်သည့် အီရတ် ၈ဦးအား ထောင်ဒဏ်ချမှတ်

ဂျာမန်အမျိုးသမီးအား အဓမ္မပြုကျင့်သည့် အီရတ်နိုင်ငံသား တရားခံများအား ရုံးထုတ်လာစဉ် (ဓာတ်ပုံ-အင်တာနက်)

ဗီယင်နာ၊ မတ် ၃ ရက် (ဆင်ဟွာ)

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ၂၀၁၅ခုနှစ် နှစ်သစ်ကူးအကြိုပွဲတော်ရက်များအတွင်း အဓမ္မပြုကျင့်ခံရသည့် အသက် ၂၈နှစ်အရွယ် ဂျာမန်အမျိုးသမီးအမှု တွင်ပါဝင်သည့် အီရတ်နိုင်ငံသား ၈ဦးအား မတ်လ ၂ရက်က ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့ကြောင်း ပြည်တွင်းမီဒီယာ တစ်ခုကဖော်ပြခဲ့သည်။

ဖြစ်စဉ်မှာ သူငယ်ချင်းတစ်ယောက် နှင့် လမ်းခွဲကာ နေအိမ်တိုက်ခန်းသို့ ပြန်လာသော အရက်အလွန်အကျွံသောက်သုံးထားသည့် အမျိုသမီးတစ်ဦးနောက်သို့ အမျိုးသား လေးဦး တိတ်တဆိတ် နောက်ယောင်ခံလိုက်လာပြီးနောက် တိုက်ခန်းနားအရောက်တွင် နောက်ထပ် အမျိုးသား ၅ဦး နှင့် ပူးပေါင်းကာ ယင်းအမျိုးသမီးအား ကြိမ်ဖန်များစွာ အဓမ္မပြုကျင့်ခဲ့ကြခြင်း ဖြစ်သည်။

ရှေ့နေတစ်ဦးက အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးသည် ကြောက်လန့်မေ့မြောသွားခဲ့ပြီး ၎င်းကိုယ်ကို ကာကွယ်နိုင်ခြင်းမရှိခဲ့ကြောင်း ပြောကြားခဲ့သည်။၎င်းက ယခုအခါ အဆိုပါအမျိုးသမီးသည် အတိတ်ဖြစ်ရပ်ဆိုးများကြောင့် စိတ်ထိခိုက်ကာ စိတ်ကျရောဂါခံစားနေရကြောင်း ပြောကြားခဲ့သည်။

ယင်း လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုသည် အမျိုးသမီး၏ အစပျိုးမှုကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဟူသော အကြောင်းပြချက်အပါအဝင် တရားခံတို့၏ အယူခံများကို ဒေသတွင်းတရားရုံး ၏ တရားသူကြီးက ပယ်ချခဲ့ကြောင်း သိရသည်။

တရားခံ ၉ဦးအနက် တစ်ဦးမှာ အခြားသူများအဓမ္မပြုကျင့်နေစဉ် အိပ်ပျော်နေခဲ့ကြောင်း တရားရုံး၌ထွက်ဆိုခဲ့ပြီး မျက်မြင်သက်သေမရှိသောကြောင့် တရားသေလွှတ်ပေးခဲ့ရပြီး ကျန်တရားခံများအား ထောင်ဒဏ် ၈နှစ်မှ ၁၃ နှစ်အထိ အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117