Connect with us

International Organizations

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းမှ သမိုင်း ဖြစ်ရပ်ဆိုးမှ အမှန်တကယ် သင်ခန်းစာ ရယူကာ အနာဂတ်အား ရှေ့ဆက် သွားရန် ပြောကြား

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းမှ သြဂုတ်လ ၂၈ ရက်နေ့က ဆင်ဟွာ သတင်းဌာန အင်တာဗျူး အား လက်ခံ ဖြေကြား ခဲ့စဉ် (ဆင်ဟွာ)

နယူးယောက် ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် သြဂုတ်လကုန်တွင် အမေရိကန် နိုင်ငံ နယူးယောက် မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် ဆင်ဟွာ သတင်းဌာန၏ အင်တာဗျူ အား လက်ခံဖြေကြား ခဲ့သည်။

အင်တာဗျူးတွင် ဘန်ကီမွန်းမှ ယခု တရုတ် နိုင်ငံသို့ သွားရောက် မည့်ခရီးစဉ်နှင့် ပတ်သက်၍ ဂျပန် နိုင်ငံ၏ ဝေဖန်မှု များကို သိရှိရကြောင်းနှင့် ကမ္ဘာ့နိုင်ငံ အရပ်ရပ်တွင် ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ နေစဉ်တွင် အပြည်ပြည် ဆိုင်ရာ အသိုင်းအဝိုင်းမှ သမိုင်း ဖြစ်ရပ်ဆိုး အတွင်းမှ အမှန်တကယ် သင်ခန်းစာ ရယူကာ အနာဂတ်အား ရှေ့ဆက် သွားရန်နှင့် ရရှိခဲ့သည့် သင်းခန်းစာ အပေါ် အခြေခံကာ ပိုမို ကောင်း မွန်သည့် အနာဂတ် တည်ဆောက်သွားရန် ပြောကြား ခဲ့သည်။

ဘန်ကီမွန်းမှ သမိုင်း အဖြစ်အပျက်များကို လေ့လာ မှတ်ယူ ခြင်းသည် အလွန် အရေးကြီးကြောင်း ၊ အတိတ် က အဖြစ်အပျက် များနှင့် ပတ်သက်၍ လိုအပ်သော သင်ခန်းစာ များကို လေ့လာ မှတ်သားကာ ထို သင်ခန်းစာ များမှ တစ်ဆင့် ပိုမိုကောင်းမွန်သည့် ကမ္ဘာ့အသိုင်းအဝိုင်း တစ်ခု တည်ဆောက်ရန် နှင့် ထို သင်ခန်းစာ များကို အခြေခံ၍ ပိုမို တောက်ပ သည့် အနာဂတ် အား တက်လှမ်း နိုင်ရန် သည် ယခု တရုတ် နိုင်ငံ တွင် ပြုလုပ်မည့် အခမ်းအနားသို့ တက်ရောက် ရသည့် အကြောင်း အရင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဂျပန် နိုင်ငံ အနေဖြင့် ယခု ဘန်ကီမွန်း ခရီးစဉ်နှင့် ပတ်သက်၍ ကန့်ကွက်ကြောင်း ဂျပန် ဝန်ကြီးများအဖွဲ့ အတွင်းဝန်ချုပ် Yoshihide Suga မှ ကုလသမဂ္ဂ ထံသို့ သြဂုတ်လ (၃၁) ရက်နေ့တွင် အကြောင်းကြား ခဲ့သည်။

ကုလသမဂ္ဂ ပြောရေးဆိုခွင့် ရှိသူ Stephane Dujarric မှ သြဂုတ်လ ၃၁ တွင် အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အနေဖြင့် ယခုနှစ် အတွင်း ဒုတိယ ကမ္ဘာစစ် အောင်ပွဲ နှင့် ပတ်သက်သည့် အခမ်းအနား များ ပြုလုပ် ခဲ့သည့် ပိုလန် ၊ ယူကရိန်း နှင့် ရုရှား နိုင်ငံ များသို့ သွားရောက် ခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန် ပြောကြား ခဲ့သည်။ (Xinhua)