Connect with us

Latin America

ဘရာဇီးတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် ၂၀၁၉ ခုနှစ်အတွင်း ၁၄၉ ရာခိုင်နှုန်း မြင့်

သွေးလွန်တုပ်ကွေးဖြစ်ပေါ်စေသော ခြင်အားတွေ့ရစဉ်(အင်တာနက်)

ရီယိုဒီဂျနရို၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွင်း ဇန်နဝါရီ ၁ရက်မှ ဖေဖော်ဝါရီ ၂ရက်ထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားကြောင်း၊သံသယရှိသူ အရေအတွက်သည် ၅၄,၇၇၇ဦး ရှိခဲ့ရာ ယခင်နှစ်ကထက် ရာခိုင်နှုန်းအားဖြင့် ၁၄၉ ရာခိုင်နှုန်း တိုးတက်ဖြစ်ပွားလျက်ရှိကြောင်း၊ အဆိုပါ ရောဂါသည် လူတစ်သောင်းတွင် ၂.၆၃ယောက်ဖြစ်ပွားလျက်ရှိကြောင်း ဘရာဇီးနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၆ ရက်နေ့က ပြောကြားသည်။

ရောဂါဖြစ်ပွားမှုများအနက် ၃၂,၈၂၁ ဦးက ဘရာဇီးနိုင်ငံ အရှေ့တောင်ဒေသရှိ လူနေအထူထပ်ဆုံး မြို့ကြီး နှစ်မြို့ဖြစ်သော ဆော်ပေါလိုနှင့် ရီအိုဒီဂျနေရိုးမြို့များတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးရမှုမှာ Tocantinsမြို့တွင် တစ်ဦး၊ Sao Paulo မြို့တွင် တစ်ဦး၊ Federalပြည်နယ်တွင် တစ်ဦးနှင့် Goias မြို့တွင် နှစ်ဦး စုစုပေါင်း ၅ဦးရှိအြီူ ၂၀၁၈ ခုနှစ်တွင်း ၁၈ဦးသေဆုံးမှုထက် အရေအတွက် လျော့ကျခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117