Connect with us

Latin America

ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးအသင်းခေါင်းဆောင်(ဟောင်း) ကားလို့စ်အယ်ဘာတို ကွယ်လွန်

ဘရာဇီးဘောလုံးအသင်းခေါင်းဆောင်းဟောင်း ကားလို့ စ်အယ်ဘာတို အား တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေရို ၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော ဘရာဇီးလက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်(ဟောင်း) အသက် ၇၂ နှစ်အရွယ်ရှိ ကားလိုစ့်အယ်ဘာတိုသည် အောက်တိုဘာလ ၂၅ ရက်က ကွယ်လွန် အနိစ္စရောက်သွားပြီဖြစ်ကြောင်း သိရသည်။

ယခင်ဘရာဇီးအသင်း၏ နောက်တန်းဘယ်အစွန် ကစားသမားသည် ရီယိုဒီဂျနေရိုမြို့၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ၎င်း၏ အသင်းဟောင်း ဆန်းတို့စ်ဘောလုံးအသင်းက ထုတ်ပြန်ချက်အရ သိရသည်။

ဘရာဇီးလက်ရွေးစင်အသင်း၏ အကောင်းဆုံးနောက်တန်းကစားသမားဖြစ်သူ ကားလိုစ့်သည် နိုင်ငံ့လက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၅၃ ပွဲပါဝင်ကစားခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်က မက္ကဆီကိုနိုင်ငံ၌ ကျင်းပသော ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် အီတလီအသင်းအား ၄ဂိုး – ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်သည် ကားလိုစ့်အတွက် အအောင်မြင်ဆုံးပွဲစဉ်တစ်ခုဖြစ်ခဲ့သည်။

ကားလိုစ့်သည် ဖလူမီနီစ် ၊ ဆန်းတို့စ် ၊ ဖလာမင်ဂိုး နှင့် နယူးယောက်ကော့စ်မိုစ် စသည့် ကလပ်အသင်းများတွင် နှစ်ပေါင်း ၂ဝ ခန့်ပါဝင်ကစားခဲ့ကြောင်း သိရသည်။ ဘရာဇီးဂန္တဝင်ကစားသမား ပီလီသည် နိုင်ငံလက်ရွေးစင်အသင်းရော ကလပ်အသင်းကစားများမှာပါ ကားလိုစ့်၏ ကစားဖော်(ဟောင်း) တစ်ဦးဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ကစားဖော် မိတ်ဆွေအပေါင်းအသင်း၊ ညီအစ်ကိုလည်းဖြစ်တဲ့ ကားလိုစ့်ဆုံးသွားတဲ့အတွက် ကြေကွဲဝမ်းနည်းမိပါတယ်” ဟု ပီလီ၏ ပြောကြားချက်ကို ကိုးကား၍ ESPN ဘရာဇီးရုပ်သံက ဖော်ပြခဲ့သည်။

“ ဆန်းတို့စ် အသင်းမှာရော ဘရာဇီးအသင်း နဲ့ကော့စမိုစ့်အသင်းတွေမှာပါ ကျွန်တော်တို့ချန်ပီယံ အတူတူဖြစ်ခဲ့ကြတယ်။ ဒီအခြေအနေတွေကို လက်ခံနိုင်ဖို့ကြိုးစားရမှာပေါ့။ သူ့မိသားစုဝင်တွေအတွက် ဝမ်းနည်းကြောင်း စာပို့ထားပါတယ် ” ဟု ပီလီက ဆိုသည်။

ဘရာဇီးကလပ်အသင်းချန်ပီယံ ၈ ကြိမ်ဗိုလ်စွဲထားသည့် ဆန်းတို့စ်အသင်းက ကားလိုစ့်ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း ၃ ရက်ပြုလုပ်သွားမည်ဟု ကြေညာထားသည်။

“ ၁၉၆၅ ခုနှစ် ကနေ ၁၉၇၅ ခုနှစ် အတွင်း ကားလိုစ့်ဟာ အသင်းအတွက် ၄၄၅ ပွဲကစားခဲ့ပြီး ဂိုးပေါင်း ၄ဝ အထိ သွင်းပေးခဲ့ပါတယ် ။ Praiano Alvinegro ရဲ့သမိုင်းအတွက် အကောင်းဆုံး နောက်တန်းညာအစွန်ကစားသမားပါပဲ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော့စ်မိုစ်အသင်း၏ တွစ်တာစာမျက်နှာတွင် ကားလိုစ့်ကွယ်လွန်ခြင်းအတွက် “ လေးလေးနက်နက်ကြေကွဲရပါတယ်။ သူဟာ ဂန္တဝင်ကစားသမား နဲ့အံ့သြဖွယ်လူတစ်ယောက်ပါပဲ” ဟု ဖော်ပြထားသည်။ “ သူဟာ ကော့စ်မိုစ်အသင်းရဲ့ မိသားစုဝင်တစ်ဥိးအဖြစ် အမြဲတမ်းထင်ကျန်ရစ်နေမှာပါ” ဟု အမေရိကန်အခြေစိုက် ကလပ်အသင်းက တွစ်တာတွင် ရေးသားဂုဏ်ပြုထားသည်။

ထို့ပြင် ဖလူမီနီစ်အသင်း ဥက္ကဋ္ဌ Peter Siemsen က “ အင်အတန်ကြီးကျယ်ခမ်းနားတဲ့ အသင်းခေါင်းဆောင်ကားလို့အယ်ဘာတို ကွယ်လွန်သွားတဲ့အတွက် သိပ်ကိုဝမ်းနည်းရပါတယ်။ သူဟာ ကမ္ဘာ့ဘောလုံးသမိုင်းမှာ အကောင်းဆုံးကစားသမားတစ်ဦးပါပဲ။ ဖလူမီနီစ်လူငယ်အသင်းကို ဦးဆောင်ပြီး အောင်ပွဲတွေဆွတ်ခူးခဲ့တယ်။ ကလပ်အသင်းရဲ့သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားအဖြစ်သူဟာ ပါဝင်ခဲ့ပါတယ်” ဟုဆိုသည်။

“ ကားလိုစ့်ကွယ်လွန်ခြင်းဟာ သူ့ပရိသတ်တွေ ၊ မိသားစုဝင်တွေနဲ့မိတ်ဆွေအပေါင်းအသင်းတွေအတွက် အစားထိုးမရတဲ့ဆုံးရှုံးမှုပါပဲ” ဟု ဆက်လက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.