Connect with us

Latin America

အမေရိကန်သမ္မတ အိုဘားမား နိုဝင်ဘာတွင် ဂရိ၊ ဂျာမနီ နှင့် ပီရူးသို့ သွားမည်

အမေရိကန်သမ္မတ ဘားရတ်အိုဘားမား အားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဘားရတ်အိုဘားမား သည် စီးပွားရေး နှင့် လုံခြုံရေးကိစ္စရပ်များ ဆွေးနွေးရန် နိုဝင်ဘာ ၁၄ မှ ၂၁ရက်အတွင်း ဂရိနိုင်ငံ၊ ဂျာမနီနိုင်ငံ နှင့် ပီရူးနိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၂၆ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါခရီးစဉ်သည် အတ္တလန္တိတ်ဒေသတစ်လျှောက် စည်းလုံးညီညွှတ်မှုရှိရေး၊ အားကြီးပြီး ပေါင်းစည်းမှုရှိသည့် ဥရောပ ဖြစ်လာရေး၊ အာရှပစိဖိတ်မိတ်ဖက်များ နှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် အိုဘားမား၏ လုပ်ဆောင်ချက်များကို မီးမောင်းထိုးပြသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Josh Earnest က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

အိုဘားမားသည် နိုဝင်ဘာ ၁၅တွင် ဂရိနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး ဂရိနိုင်ငံခေါင်းဆောင်များနှင့်တွေ့ဆုံကာ ရေရှည်ဖွံ့ဖြိုးမှု နှင့် အသစ်ပြန်လည် သာယာဝပြောမှုလမ်းကြောင်းပေါ်ရောက်ရှိရန် ဂရိ၏ စီးပွားရေးအား အမေရိကန်နိုင်ငံက အထောက်အပံ့ပေးသွားမည်ဖြစ်ကြောင်း ထပ်မံအတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် အမေရိကန်သမ္မတ သည် နိုဝင်ဘာ ၁၇ မှ ၁၈ အထိ ဂျာမနီနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ဂျာမနီဝန်ကြီးချုပ် အန်ဂျလာ မာကယ် နှင့် တွေ့ဆုံကာ ယူကရိန်း နှင့် ဆီးရီးယား တွင် ဖြစ်ပွားနေသည့် ပဋိပက္ခအရေးကိစ္စများအပါအဝင် အခြားသောအခန်းကဏ္ဍများနှင့်ပတ်သက်၍ နှစ်နိုင်ငံ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများအား ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဂျာမနီ၌ရှိနေစဉ်အတွင်း အိုဘားမားသည် ဂျာမနီနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ အီတလီနိုင်ငံ နှင့် ဗြိတိန်နိုင်ငံတို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံနိုင်မည့် အခွင့်အရေးရရှိနိုင်မည်ဖြစ်ပြီး ကမ္ဘာ့အရေးကိစ္စရပ်များ နှင့်ပတ်သက်၍ ပြန်လည်သုံးသပ် ဆွေးနွေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဂျာမနီခရီးစဉ်အပြီး အိုဘားမားသည် ပီရူးနိုင်ငံသို့ နိုဝင်ဘာလ ၁၈ မှ ၂၀ ရက်အထိ သွားရောက်မည်ဖြစ်ပြီး အာရှပစိဖိတ်စီးပွားရေးညှိနှိုင်းဆောင်ရွက်မှု (APEC) ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သွားမည်ဖြစ်ကာ ပစိဖိတ်ဒေသတစ်လျှောက်မိတ်ဖက်ဆက်ဆံရေး (TPP) အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်သည်။

ပီရူးနိုင်ငံတွင် အိုဘားမားသည် ပီရူးနိုင်ငံ သမ္မတ Pedro Pablo Kuczynski နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ အစီအစဉ်များကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.