Connect with us

Latin America

ချီလီနိုင်ငံ အလယ်ပိုင်းတွင် အင်အား ၆.၉ ပမာဏရှိသည့် ငလျင်ပြင်းတစ်ခု လှုပ်ခတ်

ချီလီတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူများ လမ်းမပေါ်သို့ ထွက်လာစဉ် (ဆင်ဟွာ)

ဆန်တီရာဂို၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ချီလီနိုင်ငံ အလယ်ပိုင်း တွင် ဧပြီ ၂၄ ရက် က ရစ်ချ်တာစကေး ၆.၉ ရှိသည့် အင်အားပြင်းထန်သည့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးသူများနှင့် ပတ်သက်သည့် သတင်းများ ထွက်ပေါ်လာခြင်းမရှိသေးကြောင်း ချီလီအာဏာပိုင်များက ပြောကြားခဲ့သည်။

ငလျင်သည် Valparaiso ကမ်းရိုးတန်းမြို့ အနောက်ဘက် ၇၂ကီလိုမီတာ ကို ဗဟိုပြု၍ ဒေသစံတော်ချိန် ညနေ ၆း၄၀နာရီတွင် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

သို့သော် ငလျင်ကြောင့် ကြီးမားသော ထိခိုက်ပျက်စီးမှု နှင့် အသေအပျောက်ဖြစ်ပေါ်ခဲ့သည်ဟု သတင်းများ မရရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီး Mario Fernandez ၏ ပြောကြားချက်ကို ကိုးကား၍ El Mercurio အွန်လိုင်းသတင်းစာ က ဖော်ပြခဲ့သည်။

ငလျင်ကြောင့် လမ်းမများပေါ်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့ပြီး မြေအောက်ရထားလိုင်း ဝန်ဆောင်မှုများ ရပ်ဆိုင်းခဲ့ရကြောင်း နှင့် ဆူနာမီဖြစ်ပေါ်လာနိုင်သည်ဟု ထုတ်ပြန်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ငလျင်လှုပ်ခတ်ချိန်၌ နိုင်ငံမြောက်ပိုင်း Tarapaca ဒေသသို့ သွားရောက်နေသည့် ချီလီနိုင်ငံ သမ္မတ Michelle Bachelet က ယခုအချိန်အထိ ငလျင်ကြောင့် အသက်ဆုံးရှုံးမှုများ နှင့် ကြီးမားသော ပျက်စီးမှုများ မရှိသေး၍ ပြည်သူများအနေဖြင့် ပူပင်မှုမရှိဘဲ စိတ်အေးချမ်းစွာ နေထိုင်ကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.