Connect with us

Latin America

လေယာဉ်မူး၍ အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီ နှင့် အသင်းသားအချို့နေမကောင်းဖြစ်

အာဂျင်တီးနားတိုက်စစ်မှူး လီယိုနယ်မက်ဆီ အားတွေ့ ရစဉ် (ဆင်ဟွာ)

ဗျူနိုအဲရစ်၊နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)

အာဂျင်တီးနားဘောလုံးအသင်းမှ လီယိုနယ်မက်ဆီသည် အခြားအသင်းဖော် ကစားသမားအချို့နည်းတူ နိုဝင်ဘာလ ၁၄ ရက်က ဗျူနိုအဲရစ် မှ ဆန်ဂျွန်းသို့လေယာဉ်ပျံဖြင့် ခရီးသွားစဉ် နေထိုင်မကောင်းဖြစ်ခဲ့ကြောင်း သတင်းများကဆိုသည်။

ဘာဆီလိုနာတိုက်စစ်မှူးမက်ဆီ နှင့် အခြားအမည်မဖော်လိုသော အာဂျင်တီးနားဘောလုံးအသင်းမှ ကစားသမားအချို့သည် အပြင်းအထန် လေယာဉ်မူးသည့်ဒဏ်ကြောင့် အော့အန်ခဲ့ကြကြောင်း အာဂျင်တီးနားအသံလွှင့်ဌာန La Red က သတင်းဖော်ပြခဲ့သည်။

“ လေယာဉ်က နည်းနည်းခါတယ်။ကစားသမားအချို့နေမကောင်းဖြစ်သွားတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်မျိုးက ဆန်ဂျွန်ကို လေယာဉ်စီးသွားတိုင်း ကြုံတွေ့ရတက်ပါတယ်” ဟု အသင်းမန်နေဂျာ Jorge Miadosqui ကဆိုသည်။

လေယာဉ်မူးထားသော်လည်း အာဂျင်တီးနားနိုင်ငံ အနောက်ပိုင်းရှိ ဆန်ဂျွန်မြို့၌ ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကတိုက်ဇုံပွဲစဉ်တွင် အာဂျင်တီးနားကစားသမားတစ်ဦးတစ်ယောက်မျှ ပျက်ကွက်မည်မဟုတ်ကြောင်း တာဝန်ရှိသူများကဆိုသည်။

Edgardo Bauza ကနည်းပြတာဝန်ယူထားသည့် အာဂျင်တီးနားလက်ရွေးစင်အသင်းသည် အသင်း ၁ဝ သင်းပါဝင် ယှဉ်ပြိုင်လျက် ရှိသော ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကတိုက်ဇုံတွင် ၁၁ ပွဲကစားပြီး ရမှတ် ၁၆ မှတ်ဖြင့် အဆင့် ၆ နေရာ၌ ရပ်တည်နေကြောင်း သိရသည်။

ရုရှားနိုင်ငံ၌ ကျင်းပမည့် ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တောင်အမေရိကတိုက်မှ လေးသင်း တိုက်ရိုက် ခြေစစ်ပွဲအောင်၍ ပါဝင်ကစားခွင့်ရမည်ဖြစ်သည်။ အဆင့် ၅ ရသောအသင်းသည် အခြားတိုက်ကြီးများမှ အသင်းတစ်သင်းနှင့် အိမ်ကွင်းအဝေးကွင်းယှဉ်ပြိုင်ကစား၍ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ခွင့်ရမည်ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.