Connect with us

Latin America

ဗင်နီဇွဲလား နိုင်ငံ ရှိ အကျဉ်းထောင် တစ်ခု ၌ ထောင်ဆူမှု ဖြစ်ပွားရာ ၁၂ ဦးသေဆုံး

ဗင်နီဇွဲလား နိုင်ငံ အကျဉ်းထောင် တစ်ခု ပြင်ပရှိ လုံခြုံရေး ဝန်ထမ်းများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကရာကက်စ် ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလား နိုင်ငံ အရှေ့မြောက်ပိုင်း Anzoategui ပြည်နယ် အတွင်းရှိ အကျဉ်းထောင် တစ်ခု တွင် ဧပြီလ ၂၆ ရက် နံနက်ပိုင်း အချိန်၌ ထောင်ဆူမှု ဖြစ်ပွားခဲ့ရာ အကျဉ်းသား အချင်းချင်း တိုက်ခိုက်မှု များကြောင့် ၁၂ ဦး သေဆုံး ခဲ့ရပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီ မှ ၆ နာရီ အတွင်း Jose Antonio Anzoategui အကျဉ်းထောင် အတွင်း လက်နက်များဖြင့် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ဗင်နီဇွဲလား နိုင်ငံ အစိုးရ က တိုက်ခိုက်မှုသည် ဂိုဏ်းအဖွဲ့အချင်းချင်း အကြား အကျဉ်းထောင် အတွင်း အခွင့်အာဏာ ပြိုင်ဆိုင်မှု များမှာ တစ်ဆင့် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး လက်ရှိချိန်ထိ ၁၂ ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ရာတွင် ၉ ဦးသည် သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း အတည်ပြု ပြောကြား ခဲ့သည်။

လက်ရှိချိန်တွင် လုံခြုံရေး တပ်ဖွဲ့ မှ အကျဉ်းအထောင် အတွင်း ပုံမှန် လုပ်ငန်းလည်ပတ်မှု အစီအစဉ် များကို ပြန်လည် ဆောင်ရွက်နိုင်ရန် ထိန်းသိမ်း နိုင်ခဲ့ပြီး ယခု တိုက်ခိုက်မှု နှင့် ပတ်သက်သည့် အကျဉ်းသား ၁၀ ဦးကို ဖမ်းဆီးကာ တရားစီရင်ရေး ဌာန သို့လွှဲပြောင်း ပေးခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.