Connect with us

Latin America

ဘရာဇီးနိုင်ငံက ဇီကာဗိုင်းရပ်စ် အမြန်စစ်ကိရိယာများ အရေအတွက်သန်းနဲ့ချီမှာယူ

ဇီကာဗိုင်းရပ်စ်ပိုးစစ်ဆေးသည့် ဓါတ်ခွဲခန်းတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရီယို ဒီ ဂျနေရို၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

ဘရာဇီးအစိုးရ က ၎င်းတို့သည် ဇီကာဗိုင်းရပ်စ် အမြန်စစ်ကိရိယာ အရေအတွက် ၃.၅သန်းအား ဝယ်ယူထားပြီးဖြစ်ကြောင်း အောက်တိုဘာ ၂၅ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

သတင်းစာရှင်းလင်းပွဲတစ်ခု၌ ကျန်းမာရေးဝန်ကြီး Ricardo Barros က ယင်းဆေးစစ်ကိရိယာများသည် လူနာများ၌ ဇီကာဗိုင်းရပ်စ်ပိုးရှိ၊မရှိ မိနစ်၂၀အတွင်း စစ်ဆေးတွေ့ရှိနိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ဆေးစစ်ကိရိယာအားလုံးကို ပြည်တွင်း၌သာ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများ နှင့် အသက် ၂နှစ်အောက်ကလေးငယ်များ ဆေးစစ်ရန် အဓိကထား ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

အစိုးရက ဆေးစစ်ကိရိယာ ၂သန်းအား ဒီဇင်ဘာလမတိုင်မီ ကျန်းမာရေးဆေးပေးခန်းများသို့ ဖြန့်ဝေပေးနိုင်ရန် ခန့်မှန်းထားပြီး နိုင်ငံအနှံ့ဖြန့်ဝေပေးမှုအား လာမည့် ၁၂လအတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆေးစစ်ကိရိယာဝယ်ယူမှုစာချုပ်အား ဘရာဇီးအစိုးရ နှင့် Fundacion Bahiafarma ဓါတ်ခွဲခန်းတို့ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၈.၂သန်း တန်ဖိုးရှိကြောင်း သိရသည်။ အဆိုပါ ဓါတ်ခွဲခန်းသည် ဘရာဇီးနိုင်ငံ အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှု စနစ်အတွက် လိုအပ်သည့်ကိရိယာများ ထောက်ပံ့ပေးနေသည်မှာ တစ်နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးက ဇီကာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိမှု အောင်မြင်မှုသည် ၉၅ရာခိုင်နှုန်းရှိပြီး ကိုယ်ခံစွမ်းအားကို စစ်ဆေး၍ ဇီကာဗိုင်းရပ်စ်ပိုးဖွံ့ဖြိုးမှု မည်သည့်အဆင့်၌မဆို စစ်ဆေးတွေ့ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံသား ၁၀၀,၀၀၀တွင် ၉၈.၁ယောက်နှုန်း ဇီကာဗိုင်းရပ်စ်ပိုး ကူးဆက်မှုဖြစ်ပွားပြီးကတည်းက လက်ရှိအထိ ကျန်းမာရေးစောင့်ရှောက်မှု အရေးပေါ်အခြေအနေ အဆင့်တွင်ရှိနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.