Connect with us

Latin America

လော့စ်အိန်ဂျလိစ် လေဆိပ်တွင် လေယာဉ် နှင့် ထရပ်ကားတစ်စီး တိုက်မိ၍ လူ ၈ဦး ဒဏ်ရာရ

လော့စ်အိန်ဂျလိစ်၊ မေ ၂၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ် အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် မေ ၂၀ ရက် နေ့လည်ပိုင်း က ခရီးသည်တင် ဂျက်လေယာဉ် တစ်စီး နှင့် ပို့ဆောင်ရေးလမ်းကြောင်းပေါ်ရှိ လေဆိပ်ထောက်ပံ့ရေး ထရပ်ကားတစ်စီး တို့ တိုက်မိခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

မက္ကဆီကို စီးတီး မှ ပျံသန်းလာသည့် Aeromexico လေယာဉ် ၆၄၂သည် မြေပြင်ပေါ်သို့ဆင်းသက်ပြီးနောက် လေယာဉ်ပြေးလမ်း နံပါတ် ၂၅ ညာဖက် အနီးရှိ ပို့ဆောင်ရေးလမ်းကြောင်း တွင် နေ့လည် ၂း၃၀ နာရီ က ထရပ်ကား နှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်း သတင်းမီဒီယာ တစ်ခုဖြစ်သည့် City News Service ကဖော်ပြခဲ့သည်။

Aeromexico ၏ ဘိုးရင်း ၇၃၇ ခရီးသည်တင် ဂျက်လေယာဉ် နှင့် တိုက်မိ၍ ထောက်ပံ့ရေးထရပ်ကား တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသား ၆ဦး နှင့် အမျိုးသမီး ၂ဦးအပါအဝင် စုစုပေါင်း လူ ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း လော့စ်အိန်ဂျလိစ် မီးသတ်ဋ္ဌာန မှ Brain Humphrey ကပြောကြားခဲ့သည်။၎င်း က အမျိုးသမီး ၂ဦးမှာ ဒဏ်ရာအခြေအနေ ပြင်းထန်ပြီး အမျိုးသားများမှာမူ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ခရီးသည် ၁၄၆ ဦးနီးပါး နှင့် လေယာဉ် ဝန်ထမ်း ၂ ဦး လိုက်ပါလာသော ဂျက်လေယာဉ်ပေါ်၌ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။ လေယာဉ်၏ ဘယ်ဖက် တောင်ပံ အနည်းငယ် ပျက်စီးသွားခဲ့သော်လည်း လောင်စာဆီယိုစိမ့်မှု နှင့် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရသည်။ (Xinhua)