Connect with us

Latin America

နည်းပညာ ကုမ္ပဏီများမှ အငြိမ်းစား ဝန်ထမ်းများ တည်ထောင်ထားသည့် Otto ကုမ္ပဏီက မောင်းသူမဲ့ ထရပ်ကားများ တည်ဆောက်

အဝေးပြေး လမ်းမပေါ်တွင် ပြေးဆွဲနေသည့် Otto မောင်းသူမဲ့ ထရပ်ကားအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆန်ဖရန်စစ္စကို၊ မေ ၂၀ ရက် (ဆင်ဟွာ)

နာမည်ကြီး နည်းပညာ ကုမ္ပဏီများ ဖြစ်သည့် Google၊ Tesla၊ Apple တို့မှ အငြိမ်းစား ဝန်ထမ်း အယောက် ၄၀ သည် မောင်းသူမဲ့ ထရပ်ကားခေတ်ကို စတင် ဖန်တီး တည်ဆောက် ရန်အတွက် Otto အမည်ရှိ နည်းပညာ ကုမ္ပဏီ သစ်တစ်ခုကို တည်ထောင်ခဲ့ကြောင်း အမေရိကန် နည်းပညာ မီဒီယာ The Verge ၌ မေလ ၁၉ က ဖော်ပြ ခဲ့သည်။

ဆန်ဖရန်စစ္စကို အခြေစိုက် Otto ကုမ္ပဏီ သည် သာမန်ရိုးကျ စီးပွားဖြစ် ထရပ်ကား လုပ်ငန်းအား အဆင့်မြင့် နည်းပညာသုံး လုပ်ငန်းအဖြစ် ပြောင်းလဲရန် ရည်ရွယ်ကြောင်း သိရသည်။

Otto ကုမ္ပဏီ၏ သီအိုရီ အရ Otto မောင်းသူမဲ့ ထရပ်ကားသည် လူတစ်ယောက် အပြည့်အဝ ထိန်းချုပ်သည် ထက် ပိုမို စိတ်ချစွာဖြင့် နာရီ ပေါင်းများစွာ မောင်းနှင်သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

အခြား အစောပိုင်း မောင်းသူမဲ့ ကားများ နှင့် မတူဘဲ Otto ကုမ္ပဏီသည် အမေရိကား၏ အဓိက ထရပ်ကား လမ်းကြောင်းများ ဖြစ်သည့် အဝေးပြေး လမ်းမကြီးများတွင် မောင်းနှင်ခြင်းကို ဦးတည် ဆောင်ရွက်မည် ဖြစ်သည်။ ကုမ္ပဏီသည် အဝေးပြေး လမ်းမကြီးများတွင် သွားလာနေသည် အကြီးဆုံး ထရပ်ကားများထဲမှ တစ်စီး ဖြစ်သည့် Volvo VNL 780 ဖြင့် စတင် စမ်းသပ်မည် ဖြစ်သည်။

Otto ကုမ္ပဏီသည် လက်ရှိ မောင်းသူမဲ့ကား စနစ်ကို ဖန်တီး ထုတ်လုပ်နေသည့် အခြား ပြိုင်ဘက် ကုမ္ပဏီများကို ရင်ဆိုင်ရင်း အခြား ပြင်ပမှ ငွေကြေး အရင်းအနှီး မယူဘဲ ကုမ္ပဏီတွင်း အဖွဲ့ဝင်များ၏ ငွေကြေး ဖြင့်သာ သီးသန့် ရပ်တည်နေသော ကုမ္ပဏီ တစ်ခု ဖြစ်ကြောင်း The Verge မီဒီယာတွင် ဖော်ပြထားချက် အရ သိရသည်။ (Xinhua)