Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ၊ စူကိုဟာဂျိုမြို့ ၌ သကြားပြောင်းခူးဆွတ်သည့်ရာသီ

အင်ဒိုနီးရှားနိုင်ငံ၊ စူကိုဟာဂျိုမြို့ ၊ Gatak ကျေးရွာတွင် သကြားပြောင်း အမျိုးအစားခွဲနေသော တောင်သူများကို ၂၀၂၃ ခုနှစ်၊ ဇွန် ၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

စုကိုဟာဂျို၊ အင်ဒိုနီးရှား၊ ဇွန် ၃ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၊ စူကိုဟာဂျိုမြို့ ၊ Gatak ကျေးရွာတွင် အညိုရောင် ပြောင်းဖူးမွှေးများ၊ နို့ရောင် အဆန်များဖြင့် သကြားပြောင်းများကို ခူးဆွတ်ရန် အသင့်ရှိနေပြီဖြစ်သည်။

ဒေသခံတောင်သူများ သည် ရိုးရာဈေး၌ ရောင်းချြခင်းမပြုမီ ပြောင်းဖူးများခူးဆွတ်ရိတ်သိမ်းရန်အတွက် ပခုံးအမြင့်ခန့်ရှိသော ပြောင်းခင်းများကြားတွင် ဥဒဟိုသွားလာရင်း အလုပ်များလျက်ရှိသည်။

ပြောင်းဖူးသည် အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းရှိ လူအများစားသုံးသော အဓိက သီးနှံများထဲမှ တစ်ခုဖြစ်သည်။ အရှေ့ဂျာဗားပြည်နယ်သည် အင်ဒိုနီးရှားနိုင်ငံတွင် ပြောင်းဖူးထွက်ရှိမှု အများဆုံးဒေသဖြစ်ပြီး တစ်နိုင်ငံလုံး ပြောင်းထွက်ရှိမှု၏ ၄၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။ (Xinhua)

အင်ဒိုနီးရှားနိုင်ငံ၊ စူကိုဟာဂျိုမြို့ ၊ Gatak ကျေးရွာတွင် သကြားပြောင်းများကို သယ်ယူနေသော တောင်သူတစ်ဦးကို ၂၀၂၃ခုနှစ်၊ ဇွန် ၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၊ စူကိုဟာဂျိုမြို့ ၊ Gatak ကျေးရွာတွင် သကြားပြောင်းများ ခူးဆွတ်သည့်ကာလအတွင်း သကြားပြောင်းများထည့်ထားသောခြင်းတောင်းကို သယ်ဆောင်လာသော လယ်သမားတစ်ဦးအား၂၀၂၃ ခုနှစ်၊ ဇွန် ၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၊ စူကိုဟာဂျိုမြို့ ၊ Gatak ကျေးရွာတွင် သကြားပြောင်းများ ခူးဆွတ်သည့်ကာလအတွင်း သကြားပြောင်းခြင်းတောင်းတစ်တောင်း ကို မော်တော်ကားပေါ်တင်နေသည့် လယ်သမားတစ်ဦးကို ၂၀၂၃ ခုနှစ်၊ ဇွန် ၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၊ စူကိုဟာဂျိုမြို့ ၊ Gatak ကျေးရွာတွင် ခူးဆွတ်ပြီးခါစ သကြားပြောင်းကို ပြသနေသော တောင်သူတစ်ဦးအား၂၀၂၃ ခုနှစ်၊ ဇွန် ၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

……………………………………
(English Version)
Sweet corn harvest in Indonesia’s Sukoharjo
SUKOHARJO, Indonesia, June 3 (Xinhua) — Sweet corn in Gatak village in Sukoharjo, Indonesia, is ready for harvest with brown tassels and milky kernels.
Local farmers have been busy wading through the shoulder-high cornstalks to pick and collect corn cobs before selling them to the traditional market.
Corn is among the paramount staple crops consumed by people in eastern Indonesia. East Java remains the largest corn-producing area of the country, contributing around 40 percent of national corn output.

(1)Farmers sort sweet corn in Gatak village in Sukoharjo, Indonesia on June 2, 2023. (Photo by Bram Selo/Xinhua)
(2)A farmer picks sweet corn in Gatak village, Sukoharjo, Indonesia on June 2, 2023. (Photo by Bram Selo/Xinhua)
(3)A farmer carries a basket of sweet corn during harvest time in Gatak village, Sukoharjo, Indonesia on June 2, 2023. (Photo by Bram Selo/Xinhua)
(4)A farmer unloads sweet corn to a vehicle in Gatak village in Sukoharjo, Indonesia on June 2, 2023. (Photo by Bram Selo/Xinhua)
(5)A farmer shows newly-harvested sweet corn at Gatak village in Sukoharjo, Indonesia on June 2, 2023. (Photo by Bram Selo/Xinhua)