Connect with us

North America

ထရန့်က ကနေဒါ၊ မက္ကဆီကို နှစ်နိုင်ငံနှင့် ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှုများ သီးခြားပြုလုပ်သွားရန် စဉ်းစားနေ

မြောက်အမေရိကလွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်ဆိုင်ရာ ပထမအကြိမ် ပြန်လည်ဆွေးနွေးပွဲအား တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ဝါရှင်တန် ၊ ဇွန် ၆ ရက်(ဆင်ဟွာ)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကနေဒါ၊ မက္ကဆီကိုနိုင်ငံများနှင့် ကုန်သွယ်ရေး ဆွေးနွေး ညှိနှိုင်းမှုများ သီးခြားပြုလုပ်သွားရန် စဉ်းစားနေကြောင်း အမေရိကန် အိမ်ဖြူတော် အမျိုးသားစီးပွား ရေးကောင်စီ ညွှန်ကြားရေးမှူး Larry Kudlowက ဇွန်လ ၅ ရက်တွင် ပြောကြားခဲ့သည်။

ထရန့်က မြောက်အမေရိကလွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်ဆွေးနွေးညှိနှိုင်းမှုပုံစံကို ပြောင်းလဲရန် အလေးနက်ထားစဉ်းစားနေကြောင်း ၊ လက်ရှိအနေဖြင့် ထရန့်က ကနေဒါ၊ မက္ကဆီကို နိုင်ငံများနှင့် သီးခြားဆွေးနွေးညှိနှိုင်းသွားနိုင်ခြေများကြောင်း Larry Kudlowကဆိုသည်။ ဆက်လက်၍ ၎င်းက ထရန့်သည် နှစ်ဖက်ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှုကို ပိုသဘောကျကြောင်း၊ ထိုဆွေးနွေးညှိနှိုင်းမှုသည် ပိုမိုကောင်းမွန်သည့် ကုန်သွယ်ရေးသဘောတူညီချက်များ ရရှိနိုင်သည်ဟု လည်း ယုံကြည်ကြောင်း၊ လက်ရှိအချိန်မှာ အမေရိကန်သည် မြောက်အမေရိကလွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်မှ နုတ်ထွက်ရန် အစီအစဉ်မရှိသေးကြောင်း အလေးထားပြောကြား ခဲ့သည်။

ထရန့်အာဏာရပြီးနောက် ၎င်းသည် မြောက်အမေရိကလွတ်လပ်သောကုန်သွယ်ရေးသဘောတူညီ ချက်မှ နုတ်ထွက်မည်ဟု အကြိမ်ပေါင်းများစွာ ခြိမ်းခြောက်ပြောဆိုမှုများရှိခဲ့သည်။ အဆိုပါသဘောတူညီကို အသစ်ပြင်ဆင်မည့် ပထမအကြိမ် ပြန်လည်ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ် သြဂုတ်လတွင် စတင်ခဲ့သော်လည်း တိုးတက်မှုအခြေအနေသည် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေသည်။

အမေရိကန်၊ ကနေဒါ၊ မက္ကဆီကို သုံးနိုင်ငံသည် ဉာဏမူပိုင်ခွင့်၊ စွမ်းအင်၊ အလုပ်သမားရေးရာ၊ မူလထုတ်ကုန်ဆိုင်ရာစည်းမျဉ်းစည်းကမ်း(rules of origin)၊ ထုတ်ကုန်နေရာအမှတ်တံဆိပ်၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဈေးကွက်ဖွင့်ပေးရေး စသည်တို့တွင် ကွဲလွဲမှုအများကြီး ရှိနေဆဲဖြစ် သည်ဟု အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် Robert Lighthizer၏ မေလ လလယ်ပိုင်းက ထုတ်ပြန်သည့် ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

ထရန့်အစိုးရက ကနေဒါ၊မက္ကဆီကို နိုင်ငံမှ တင်သွင်းသော သံမဏိ၊အလူမီနီယံ သွင်းကုန်များကို အခွန်တိုးမြှင့်ကောက်ခံခြင်းက မြောက်အမေရိကလွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် အသစ်ပြင်ဆင်ရန်ကိစ္စအား ပိုမို ရှုပ်ထွေးသွားစေရာ ဆွေးနွေးညှိနှိုင်းမှုများက နောက်နှစ်အထိ ကြန့်ကြာသွားနိုင်သည်ဟု အမေရိကန် ကုန်သွယ်ရေးပညာရှင်က ထင်မြင်သုံးသပ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.