Connect with us

North America

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း မီးပန်းသိုလှောင်ရုံတစ်ခု ပေါက်ကွဲမှုကြောင့် သေဆုံးသူ အနည်းဆုံး ၇ ဦး ရှိ

၂၀၁၆ ခုနှစ်က မက္ကဆီကို မီးပန်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

မက္ကဆီကို၊ ဇွန် ၇ ရက်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း မက္ကဆီကိုပြည်နယ် Tultepecမြို့တွင် ဇွန်လ ၆ ရက်နေ့က မီးပန်း သိုလှောင်ရုံတစ်ခု ပေါက်ကွဲမှုကြောင့် သေဆုံးသူ အနည်းဆုံး ၇ ဦးရှိပြီး ၈ ဦး ဒဏ်ရရှိကြောင်း ၎င်းပြည်နယ်အစိုးရက အခင်းဖြစ်ပွားသောနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါပေါက်ကွဲမှုမှာ ဇွန်လ ၆ရက်နေ့ မနက် ၁ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲမှုကြောင့်အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦးနှင့်မော်တော်ယာဉ်များ ပျက်စီးခဲ့ကြောင်း၊ ဒေသခံအစိုးရက အခင်းဖြစ်ပွားသောနေရာကို ရှင်းလင်းမှုများ ပြုလုပ်နေပြီး ကူညီကယ်ဆယ်မှုများပြုလုပ်နေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

မက္ကဆီကိုရှိ မြို့အများအပြားတွင် ဗျောက်အိုးမီးရှူးမီးပန်းပြုလုပ်သည့်အစဉ်အလာရှိရာ ထုတ်လုပ်မှု၊သိုလှောင်ထားရှိသောနေရာ လုံခြုံစိတ်ချမှု မရှိသောကြောင့် မီးပန်းသိုလှောင်ရုံပေါက်ကွဲမှုများ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် Tultepecမြို့ရှိ မီးရှူးမီးပန်းသိုလှောင်ရုံတစ်ခု ပေါက်ကွဲဖြစ်ပွားခဲ့သောကြောင့် သေဆုံးဒဏ်ရာရမှုအများအပြားရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.