Connect with us

North America

မဲသန်းချီ ရေတွက်ရန် ရှိနေဆဲဖြစ်သော်လည်း ထရမ့်က အောင်ပွဲခံရန်အသင့်ဟု ပြောကြား

အမေရိကန်ရီပတ်ဘလီကန်ပါတီ သမ္မတလောင်းဒေါ်နယ်ထရမ့်အား ယနေ့နိုဝင်ဘာ ၄ ရက်တွင်တွေ့ရစဉ်(Xinhua/Liu Jie)

ဝါရှင်တန် ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

ပြိုင်ဆိုင်မှုပြင်းထန်သည့်ပြည်နယ်များ၌ မဲအရေအတွက်များစွာ ဆက်လက်ရေတွက်ရန် ရှိနေ ဆဲဖြစ်သော်လည်း လက်ရှိ အမေရိကန်နိုင်ငံသမ္မတ နှင့် ရီပတ်ဘလီကန်ပါတီသမ္မတလောင်း ဖြစ်သူ ဒေါ်နယ်ထရမ့်က ယနေ့(အမေရိကန်ဒေသစံတော်ချိန်) နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ၎င်း၏ ဒုတိယသမ္မတသက်တမ်းအတွက် ပြန်လည်အရွေးခံရရန် မဲရလဒ်များမှာ “ ကြီးမားစွာအောင်မြင်မှုရရှိကြောင်း” နှင့် “ အရာရာအားလုံးမှာ အနိုင်ရကြောင်း” ထုတ်ဖော်ပြောကြားခဲ့သည်။(Xinhua)