Connect with us

North America

အမေရိကန် သမ္မတ အိုဘားမားနှင့် တွေ့ဆုံစဉ် ဗြိတိန် မင်းသားလေး ဂျော့ရှ် ဝတ်ဆင်ထားတဲ့ ညဝတ်အင်္ကျ ီ ရောင်းအားကောင်း

မင်းသားလေး ဂျော့ရှ်နှင့် အမေရိကန် သမ္မတ အိုဘားမားတို့ လက်ဆွဲနှုတ်ဆက်နေသည့်ပုံအား ကန်ဆင်တန် နန်းတော် တွစ်တာအကောင့်၌ တင်ထားစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ဘားရတ် အိုဘားမားနှင့် သမ္မတ ကတော် မီရှဲလ် အိုဘားမားတို့အား ဧပြီလ ၂၂ ရက်က တွေ့ဆုံစဉ် ဗြိတိန်နိုင်ငံ၏ အသက်အငယ်ဆုံး တော်ဝင် မင်းသားလေး ဂျော့ရှ် ဝတ်ဆင်ထားသည့် အဖြူနှင့် အနက် အစင်းကြား ညဝတ်အင်္ကျ ီမှာ ရောင်းအားကောင်းခဲ့ကြောင်း ဗြိတိန် အွန်လိုင်း လက်လီရောင်းသူ My 1st Yearsthr က ၎င်း၏ တွစ်တာအကောင့်၌ ဧပြီလ ၂၃ ရက် ဖော်ပြထားသည်။

ဗြိတိန် မင်းသား ဝီလျံနှင့် ကိတ် မစ်ဒယ်လ်တန်တို့၏ အကြီးဆုံးသားတော် မင်းသားလေး ဂျော့ရှ်သည် ဧပြီလ ၂၂ ရက် ညနေပိုင်းက အမေရိကန် သမ္မတနှင့် သမ္မတ ကတော်အား တွေ့ဆုံခဲ့စဉ် အိပ်ရာနိုးစ မင်းသားလေးမှာ ပန်းစာလုံး ထိုးထားပြီး အပြာရောင် အစင်းကြား အနားကွပ်ထားသည့် ညဝတ် အင်္ကျ ီတစ်စုံ ဝတ်ဆင်ထားပြီး လေယာဉ်ပျံ တံဆိပ် ဖိနပ်ပါး တစ်ရံ စီးထားကာ အိုဘားမားအား လက်ဆွဲ နှုတ်ဆက်လျက်ပုံနှင့် ဂျော့ရှ်မွေးနေ့ လက်ဆောင် အဖြစ် အိုဘားမား ပေးထားသည့် မြင်းစီးနေသည့် ပုံများအား ကန်ဆင်တန် နန်းတော် တွစ်တာအကောင့်မှ တင်ပြခဲ့သည်။

အဆိုပါ ဓာတ်ပုံများအား အများပြည်သူသို့ ထုတ်ပြပြီး နာရီ အနည်းငယ်အတွင်းမှာပင် ယူရို ၂၇ ပေါင် (အမေရိကန် ဒေါ်လာ ၃၈) တန် ထိုညဝတ်အင်္ကျ ီမှာ ရောင်းကုန်သွားကြောင်း သိရသည်။ သို့ရာတွင် Pre-order ကြိုတင် မှာယူစနစ်ဖြင့် ထိုဝတ်စုံအား ထပ်မံမ ှာယူနိုင်မည် ဖြစ်ပြီး အရောင်မျိုးစုံလည်း ရရှိနိုင်ကြောင်း ဆိုသည်။

“မင်းသားလေး ဂျော့ရှ်က ကျွန်တော်တို့ရဲ့ ဝတ်စုံကို ဝတ်ပြီး သမ္မတ အိုဘားမားနဲ့ တွေ့ဆုံလိမ့်မယ်ဆိုတာ မယုံနိုင်ခဲ့ဘူး” ဟု အဆိုပါ အွန်လိုင်း လက်လီရောင်းသူ၏ ဖေ့ဘွတ် အကောင့်၌ ရေးသားခဲ့သည်။ (Xinhua)