Connect with us

North America

ဒေါ်နယ်ထရမ့် က မြောက်ကိုးရီးယား နိုင်ငံ ကို အလွန်တင်းမာ သည့် သဘောထားဖြင့် ဆက်ဆံသွားမည် ဟု ပြောကြား

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် သည် မြောက်ကိုးရီးယား နိုင်ငံ မှ ဖေဖော်ဝါရီ ၁၂ ရက်နေ့က တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ် ပစ်လွှတ်ပြီးနောက်တွင် အမေရိကန် နိုင်ငံ အနေဖြင့် မြောက်ကိုးရီးယား နိုင်ငံ အား အလွန်တင်းမာ သည့် သဘောထားဖြင့် ဆက်ဆံသွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပြောကြား ခဲ့သည်။

ဒေါ်နယ်ထရမ့် က အမေရိကန် နိုင်ငံ သို့လာရောက် လည်ပတ်နေသော ကနေဒါ နိုင်ငံ ဝန်ကြီးချုပ် Pierre Trudeau နှင့် အတူတကွ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မြောက်ကိုးရီးယား နိုင်ငံ သည် အလွန်ကြီးမား သည့် ပြဿနာ တစ်ခုဖြစ်ပြီး အမေရိကန် နိုင်ငံ အနေဖြင့် အလွန်တင်းမာ သည့် သဘောထား ဖြင့် တုံ့ပြန်ဆက်ဆံသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။

အမေရိကန် နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Jeff Davis က ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ ၌ အမေရိကန် နိုင်ငံ အနေဖြင့် မြောက်ကိုးရီးယား နိုင်ငံ ဒုံးကျည် စမ်းသပ် ပစ်လွတ်မှု ကို အပြင်းအထန် ရှုတ်ချပြီး လိုအပ်သည့် ဆောင်ရွက်မှု အားလုံးကို ပြုလုပ်ကာ အမေရိကန် နိုင်ငံ အပေါ် ခြိမ်းခြောက်မှု ဖြစ်စေသည့် အရာအားလုံး ကို ကျဆုံးစေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြောက်ကိုးရီးယား နိုင်ငံ KCNA သတင်းဌာန ၏ ဖော်ပြချက်အရ မြောက်ကိုးရီးယား နိုင်ငံ သည် ဖေဖော်ဝါရီ ၁၂ ရက်နေ့က တာလတ် နှင့် တာဝေး တိုက်ချင်းပစ် ဒုံးကျည် ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ် နိုင်ခဲ့ပြီး မြောက်ကိုးရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် Kim Jong-un က စမ်းသပ် ရာနေရာ တွင် လာရောက် ညွှန်ကြား ခဲ့ကြောင်း သိရှိရသည်။

မြောက်ကိုးရီးယား နိုင်ငံ သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့ နှင့် စက်တင်ဘာ ၉ ရက်နေ့ တို့တွင် နျူကလီးယား စမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီး တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ်မှု ကို လည်း အကြိမ်ကြိမ် ပြုလုပ် ခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကလည်း ယင်းနှစ် မတ်လ ၂ ရက်နေ့ နှင့် နိုဝင်ဘာ ၃၀ ရက်နေ့ တို့တွင် မဲခွဲဆုံးဖြတ်မှု နှစ်ကြိမ်ပြုလုပ်ကာ မြောက်ကိုးရီးယား နိုင်ငံ မှ နျူကလီးယား စမ်းသပ်မှု အားရှုတ်ချခဲ့ပြီး မြောက်ကိုးရီးယား နိုင်ငံ မှ နျူကလီးယား လက်နက် နှင့် ဒုံးကျည် စမ်းသပ်မှုကို စွန့်လွှတ်ရန် ကို ပြောကြားကာ မြောက်ကိုးရီးယား နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူခြင်းများ ဆောင်ရွက်ရန် အတည်ပြုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.