မန္တလေး၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ သန်လျက်မှော် တောင်ရပ်ကွက်၊ ကန်တော်ကြီး အနောက်ဘက် ပတ်လမ်းရှိ ဇီဝိတ ဒါန သံဃာ့ ဆေးရုံကြီးတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့မှ One Belt One Road အလင်းရောင်ခရီးစဉ် မျက်စိပါရဂူ အဖွဲ့နှင့် ဇီဝိတ ဒါန သံဃာ့ ဆေးရုံကြီး မျက်စိကုသရေး ပါရဂူ အဖွဲ့တို့ ပူးပေါင်းပြီး အတွင်းတိမ် မျက်စိ ဝေဒနာရှင် ရဟန်း ရှင် လူ ၂၀၀ ဦးတို့အား နှစ်နိုင်ငံ ချစ်ကြည်ရေး အဖြစ် အခမဲ့ကုသပေးသည့် အခမ်းအနားကို ယနေ့နံနက် ကျင်းပခဲ့ကြသည်။

ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် တရုတ် နိုင်ငံ ကောင်းယုံမြို့ ထုတ်လုပ်မှု စွမ်းရည် နှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်ပွဲ အခမ်းအနား အား နိုဝင်ဘာ ၃၀ ရက် ညနေပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ Sule Shangri-La ဟိုတယ် တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး စီမံကိန်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောတူညီမှုစာချုပ် (၅) ခု အား လက်မှတ်ရေးထိုး နိုင်ခဲ့သည်။

ရန်ကုန် ၊ နိုဝင်ဘာ ၂၉ ရက်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းအတွက် ငွေကျပ်သိန်းပေါင်း ၁၀၅၀ တန်ဖိုးရှိသည့် စားသောက်ကုန်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့(နိုဝင်ဘာ ၂၉ ရက်)နံနက်ပိုင်းက မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းတွင် ကျင်းပခဲ့သည်။

ရန်ကုန် ၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် တရုတ် ရုပ်ရှင်ပွဲတော် ပိတ်ပွဲ နှင့် မြန်မာ-တရုတ် ရုပ်ရှင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ အား နိုဝင်ဘာ ၂၈ ရက် နေ့လယ်ပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး ဆွေးနွေးပွဲ အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံ ရုပ်ရှင်းလုပ်ငန်း သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် ပညာရှင်များ က အတူတကွ ပူးပေါင်းဆောင်ရွက်ရန် အတွက် သဘောထားအမြင်များအား တက်ကြွစွာ ဆွေးနွေးတိုင်ပင် ခဲ့ကြသည်။

ရန်ကုန် ၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ဆင်ဟွာ သတင်းဌာန မှ တာဝန်ယူ ဆောင်ရွက်ပေး သည့် “ခေတ်သစ်ပိုးလမ်းမကြီး” တည်ဆောက်ခြင်း (၅) နှစ်ပြည့် လမ်းကြောင်းတစ်လျှောက် ပြည်သူလူထုအကြား စိတ်နှလုံးချင်း ချိတ်ဆက်မှု ဓာတ်ပုံပြပွဲ ကို နိုဝင်ဘာ ၂၈ ရက် နေ့လယ်ပိုင်း အချိန် တွင် ရန်ကုန်မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ ၌ စတင် ဖွင့်လှစ်ပေးခဲ့သည်။

မန္တလေး ၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ခေတ်သစ်ပိုးလမ်းမကြီး တရုတ်-မြန်မာ ချစ်ကြည်ဆက်ဆံရေး ဆိုင်ရာ စာတမ်းဖတ်ပွဲ ၊ ဖူချင့် နိုင်ငံတကာ ဘာသာစကား စင်တာ တည်ထောင်ခြင်း (၂၅) နှစ်ပြည့် နှင့် ဖူချင့် ကွန်ဖြူးရှပ် စင်တာ တည်ထောင်ခြင်း (၁၀) နှစ် ပြည့် အထိမ်းအမှတ် ဖွင့်ပွဲ အခမ်းအနား ကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်း အချိန်တွင် မန္တလေးမြို့ ရှိ ဖူချင့် စသင်ကျောင်း တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

ရန်ကုန် ၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ)

ရန်ကုန် တရုတ်ယဉ်ကျေးမှု စင်တာ၌ နိုဝင်ဘာလ သင်တန်းသစ်များ အဖြစ် တရုတ် ရိုးရာ အက သင်တန်း ၊ တရုတ်စာ လက်ရေးလှ နှင့် ရိုးရာ ပန်းချီဆွဲ သင်တန်း ၊ တရုတ်ရိုးရာ Hulusi တီးမှုတ် တူရိယာ သင်တန်း တို့အား သင်တန်းကြေး အခမဲ့ဖြင့် ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ သိပ္ပံနှင့်နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမအကြိမ်တရုတ်-မြန်မာပူးတွဲ ကော်မတီအစည်းအဝေး ကိုရန်ကုန်မြို့ရှိ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်း သစ်မှုဦးစီးဌာန၌ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၃ ရက် နံနက်ကကျင်းပခဲ့ကြောင်းသိရသည်။

ရန်ကုန် ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသော ဒုတိယ အကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ (2nd Taolu World Cup) ပြိုင်ပွဲ ဒုတိယနေ့ ညနေပိုင်း၌ Taijijian (ထိုက်ကျိကျန့်) နှင့် Duel (နှစ်ဦး သို့မဟုတ် သုံးဦးစွမ်းရည်ပြသည့် သွေ့လျန်) အားကစားနည်းများ ယှဉ်ပြိုင်ကစားခဲ့ ကြပြီး ထိုက်ကျိကျန့် အားကစားနည်းအမျိုးသားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ယှဉ်ပြိုင်ခဲ့သည့် ငြိမ်းချမ်းကိုကို က ရွှေတံဆိပ်ဆုရရှိခဲ့သည်။

ရန်ကုန် ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသော ဒုတိယ အကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ (2nd Taolu World Cup) ပြိုင်ပွဲ ဒုတိယနေ့ နံနက်ပိုင်း၌ ကွန့်ရှု (Gunshu)၊ ချန်းရှု (Qiangshu)နှင့် နန်ကွန်(Nangun) အားကစားနည်းများ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။