ရန်ကုန် ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ စာရင်းတွင် နိုင်ငံတော်က ထည့်ဝင်ငွေ အပါအဝင် ကျပ် ၁၁,၁၂၆ ဒသမ ၈၅၄ သန်း ၊ အမေရိကန် ဒေါ်လာ ၂၅၂ ဒသမ ၆၇၃ သန်း ရရှိထားပြီး ဖြစ်ကြောင်း...
ဘရာဇီးလီယား၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ SINOVAC ကုမ္ပဏီထုတ် CoronaVac ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ဘရာဇီး အမျိုးသား ကျန်းမာရေးကဏ္ဍကြီးကြပ်မှုဌာန (Anvisa)က ဇန်နဝါရီ ၁၇ ရက်တွင်ကြေညာခဲ့သည်။ ဘရာဇီး၏ ပထမအသုတ် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူသူများအား ယင်းနေ့တွင် တရုတ်နိုင်ငံ၏ကာကွယ်ဆေး ထိုးပေးခဲ့ကြောင်း သိရသည်။
အန်ကာရာ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တူရကီနိုင်ငံတွင် COVID-19 တိုက်ဖျက်ရေး လူထုကာကွယ်ဆေးထိုးနှံမှု လုပ်ဆောင်လျက်ရှိသောကြောင့် သမ္မတ ရီဆပ် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) သည် ၎င်း၏ ပထမအကြိမ် COVID-19 ကာကွယ်ဆေးထိုးနှံမှုကို ဇန်နဝါရီ...
ဂျီနီဗာ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဝန်ထမ်းများ အနေဖြင့် အလားအလာရှိသော အရေးပေါ်အသုံးပြုနိုင်မည့် ကာကွယ်ဆေး စာရင်းများအတွက် Sinovac နှင့် Sinopharm ကာကွယ်ဆေး ထုတ်လုပ်သော ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ်...
အာမန်၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဂျော်ဒန်နိုင်ငံတွင် ဇန်နဝါရီ ၁၃ ရက်မှစ၍ COVID-19 ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများ တစ်နိုင်ငံလုံး စတင်နေပြီဖြစ်ကြောင်း သိရသည်။ ပထမအသုတ် ကာကွယ်ဆေးထိုးနှံမှုကို ကပ်ရောဂါကာကွယ်ရေးဝန်ထမ်း၊ သက်ကြီးရွယ်အိုနှင့် နာတာရှည်ရောဂါအခံရှိသူများကို အဓိကထား ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
အန်ကာရာ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တူရကီနိုင်ငံ ကျန်းမာရေးဝန်ကြီး Fahrettin Koca သည် ဇန်နဝါရီ ၁၃ ရက်က တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ သုတေသနပြုထုတ်လုပ်သည့် COVID-19ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ရာ အဆိုပါ ကာကွယ်ဆေးထိုးနှံနေပုံကို ရုပ်မြင်သံကြားမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ကြောင်း သိရသည်။ ၎င်းနှင့်အတူ တူရကီ ကိုဗစ်ကပ်ရောဂါတုံ့ပြန်ရေး...
ဂျကာတာ ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး အင်ဒိုနီးရှားနိုင်ငံ သမ္မတဂျိုကိုဝီဒိုဒိုသည် ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် ဂျကာတာရှိ သမ္မတအိမ်တော် ၌ တရုတ်နိုင်ငံ Sinovac Biotech ကုမ္ပဏီ မှ ထုတ်လုပ်သည့် COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ပြီး...
ကွာလာလမ်ပူ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး မလေးရှားနိုင်ငံပိုင်ဆေးဝါးထုတ်လုပ်မှုကုမ္ပဏီကြီးဖြစ်သည့် Pharmaniagaသည် ဇန်နဝါရီ ၁၂ ရက်က တရုတ်နိုင်ငံ Sinovacကုမ္ပဏီနှင့်အတူ COVID-19 ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူညီချက်အရ Sinovac ကုမ္ပဏီမှ မလေးရှားကို COVID-19 ကာကွယ်ဆေး တစ်ဝက်ကုန်ချော(Semi-finished products) (၁၄)သန်းပေးမည်ဖြစ်ပြီး...
တီဟီရန် ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး အီရန်နိုင်ငံအမြင့်ဆုံးခေါင်းဆောင် Ali Khamenei က အီရန်နိုင်ငံအစိုးရအား ဗြိတိန်နိုင်ငံ နှင့် အမေရိကန်နိုင်ငံ မှ COVID-19 ရောဂါကာကွယ်ဆေးအား မဝယ်ယူရန် ဇန်နဝါရီ ၈ ရက် ၌ တောင်းဆိုခဲ့သည်။ အီရန်နိုင်ငံအမြင့်ဆုံးခေါင်းဆောင်ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက်တွင်...
နေပြည်တော်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ရေးသားသူ / စိုးသန်းလင်း COVID-19 ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် အလှူငွေ အမေရိကန်ဒေါ်လာ ၂.၅ သန်းနှင့် ကျပ် သန်း ၁,၄၀၀ ခန့်ရရှိထားပြီဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်...