ကဘူးလ်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ပြီးခဲ့သည့်သောကြာနေ့တွင် အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာပြည်နယ်၏ မြို့တော် ကန်ဒါဟာ ရှိ ဗလီတစ်ခု အတွင်းအသေခံဗုံးဖောက်ခွဲမှုကြောင့် သေဆုံးသူဦးရေမှာ ၄၇ ဦးအထိရှိလာခဲ့ပြီး ဒဏ်ရာရရှိသူဦးရေ မှာ ၉၀ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဒေသအာဏာပိုင်များက စနေနေ့တွင် အတည်ပြုခဲ့သည်။ ဒေသတွင်းအစိုးရ ယဉ်ကျေးမှုနှင့်...
ကဘူးလ်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က စစ်ဘေးဒဏ်ခံစားနေရသော အာဖဂန်နစ္စတန်နိုင်ငံတွင် ပိုလီယိုနှင့် ဝက်သက်ရောဂါ ပျံ့နှံမှုစိုးရိမ်လျက်ရှိသည့်ကြားမှ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်း ပြန်လည်စတင်ရန် တာလီဘန် အိမ်စောင့်အစိုးရအား အောက်တိုဘာ ၁၀ ရက်က တိုက်တွန်းလိုက်ကြောင်း သိရသည်။ “ကျန်းမာရေးစနစ်က ပြိုကျဖို့ဖြစ်နေပါတယ်။ ကြီးမားလှတဲ့...
ကဘူးလ်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် အစွန်းရောက် အိုင်အက်စ် (IS) အုပ်စုနှင့်မိတ်ဖက်ဖွဲ့ထားသော စစ်သွေးကြွ ၁၁ ဦး ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Qari Sayed Khosti က အောက်တိုဘာ ၅ ရက်တွင်...
ကဘူးလ်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်နိုင်ငံတကာလေဆိပ်တွင် လက်ရှိ၌ နိုင်ငံတကာလေယာဉ်များနှင့် လေကြောင်းလိုင်းများအားလုံးအနေဖြင့် ယခုအခါ လေကြောင်းဖြင့် သယ်ယူပို့ဆောင်ခြင်းများ အပြည့်အဝဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း တာလီဘန် အိမ်စောင့်အစိုးရက စက်တင်ဘာ ၂၆ ရက်က ကြေညာခဲ့သည်။ “ကဘူးလ်နိုင်ငံတကာ လေဆိပ်ရှိ အခက်အခဲများ ဖြေရှင်းပြီးဖြစ်သဖြင့် လေဆိပ်အနေနဲ့ ပြည်တွင်းနဲ့...
ကဘူးလ်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံအနေဖြင့် အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ချစ်ကြည်ရင်းနှီးစွာဆက်ဆံလိုကြောင်း အသစ်ဖွဲ့စည်းလိုက်သော အာဖဂန်နစ္စတန် အစိုးရ၏ ယာယီနိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာ ၂၄ ရက်၌ ပြောကြားခဲ့သည်။
ကဘူးလ်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) ၂၀၂၁ ခုနှစ်တွင် ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် အာဖဂန် ပြည်သူ ၆၃၄,၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံရှိ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (OCHA) က စက်တင်ဘာ ၁၆ ရက်၌ ပြောကြားခဲ့သည်။
ကွန်ဒုဇ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ကွန်ဒုဇ်ပြည်နယ်ရှိ တာလီဘန် ထောက်လှမ်းရေးအကြီးအကဲက အိုင်အက်စ်အုပ်စုနှင့် မိတ်ဖက် ဒေသခံစစ်သွေးကြွများ တည်ရှိနေသည်ဟူသော သတင်းများမှာ အခြေအမြစ်မရှိ လုပ်ကြံပြောဆိုခြင်းဖြစ်ကြောင်း ငြင်းဆိုလိုက်သည်။
ဘရပ်ဆဲလ်၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) အာဖဂန်အရေးတွင် ဥရောပသမဂ္ဂက သက်ရောက်မှုရှိလိုပါက အာဖဂန်တာလီဘန်တို့နှင့်ထိတွေ့ဆက်ဆံမှုမှလွဲ၍ အခြားရွေးချယ်စရာမရှိဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေးမူဝါဒအဆင့်မြင့်ကိုယ်စားလှယ် Josep Borrellက စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ကဘူးလ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) တာလီဘန် အစိုးရအသစ် ခေတ္တနိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi က အာဖဂန်ပြည်သူများအတွက် အကူအညီပံ့ပိုးမှု ဆက်လက်ပေးအပ်ကြရန် နိုင်ငံတကာအသိုင်းအဝိုင်းအား စက်တင်ဘာ ၁၄ ရက်က တိုက်တွန်းလိုက်ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံသို့ဝင်ရောက်တိုက်ခိုက်ခဲ့သည့် နှစ် ၂၀ ကြာ စစ်ပွဲသည် အမေရိကန်တို့၏ အရှည်လျားဆုံးစစ်ပွဲဖြစ်ပြီး ကမ္ဘာမြေအထက် ကီလိုမီတာ ၅၀၀ အကွာ အာကာသမှပင် အဖြစ်ဆိုးကြီးကို မြင်တွေ့နိုင်သည်။ ၎င်းသည်အာဖဂန်ပြည်သူများအတွက် နှစ်ပေါင်း ၂၀ ကြာ အလိမ်အညာများ၊သတ်ဖြတ်မှုများ၊အနိုင်ကျင့်မှုများ၊ သေဆုံးမှုများ၊ ပျက်စီးယိုယွင်းမှုများနှင့်...