ပေကျင်း၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ကိုဗစ်ကာကွယ်ထိုးနှံထားခြင်းမရှိသည့် သူလူအုပ်စုသည် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသူနှင့် နှိုင်းယှဉ်ပါက ရောဂါကူးစက်ပြီးနောက် ရောဂါပြင်းထန်နိုင်မှု သို့မဟုတ် သေဆုံးနိုင်မှုသည် ၁၅ ဆ ပို၍ မြင့်မားကြောင်း ဩစတြေးလျနိုင်ငံ နယူးဆောက်သ် ဝေးလ်ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၈ ရက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကန်ဘာရာ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံသည် ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) သဘောတူညီချက်အား အတည်ပြုလက်မှတ်ရေးထိုးကြောင်း နိုဝင်ဘာ ၃ ရက်၌ ကြေညာခဲ့ပြီး ယင်းသဘောတူညီချက်မှာ ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် (FTA) အဖြစ် လာမည့်နှစ်တွင် အသက်ဝင်လာမည်ဖြစ်သည်။
ကန်ဘာရာ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံတွင် ကိုဗစ်-၁၉ (COVID-19) ရောဂါကူးစက်မှု တတိယလှိုင်းကို ဆက်လက်ရင်ဆိုင်နေရသဖြင့် နိုဝင်ဘာ ၈ ရက်တွင် အရွယ်ရောက်ပြီးသူများအတွက် ကိုရိုနာဗိုင်းရပ်စ် အားဖြည့်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်အား စတင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အမေရိကန် ၊ ဗြိတိန် နှင့် ဩစတြေးလျ တို့၏ ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုထားသည့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောနည်းပညာနှင့်ပတ်သက်၍ မမြင်နိုင်သော အန္တရာယ် သုံးခုဟူ၍ မီးမောင်းထိုးပြောကြားခဲ့သည်။
ပါရီ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) ပြင်သစ်နှင့်ချုပ်ဆိုထားသည့် ရေငုပ်သင်္ဘောစာချုပ်ကို ဩစတြေးလျဖက်က ချိုးဖျက်ပြီး အမေရိကန်၊ ဗြိတိန်တို့နှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ခဲ့ကြောင်း ၊ ၎င်းသည် ပြင်သစ်မဟာမိတ်များ၏ “လိမ်ညာမှု”၊ “အပြင်ပန်းနှင်စိတ်ရင်း ထပ်တူမကျမှု”ကို ထင်ဟပ်နေရာ ဆိုးဝါးသည့် အန္တရာယ်အကျပ်အတည်းတစ်ခုဖြစ်စေကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က...
ဆစ်ဒနီ၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံ၏ လူဦးရေးအထူထပ်ဆုံး New South Wales ပြည်နယ်က ဩဂုတ် ၂၆ ရက်၌ နေ့စဉ် COVID-19 ရောဂါဖြစ်ပွားမှု ၁,၀၀၀ ကျော်ဖြင့် စံချိန်တင် များပြားနေသော်ငြားလည်း လာမည့်လတွင် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံထားသော ဒေသခံများအား ပိုမိုလွတ်လပ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း...
ကန်ဘာရာ၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံ လူဦးရေထူထပ်သော ဆစ်ဒနီမြို့တွင် Delta ဗီဇပြောင်းဗိုင်းရပ်စ်ဖြစ်ပွားမှုကို ဆက်လက်တိုက်ဖျက်နေချိန်တွင် ကာကွယ်ဆေးထိုးနှံမှု ခံယူမည့် ဩစတြေးလျနိုင်ငံသားများအား ငွေသားဆွဲဆောင်မှုဆုကြေးတစ်မျိုးကို ဩဂုတ် ၂ ရက်၌ အတိုက်အခံပါတီက အဆိုပြုထားကြောင်း သိရသည်။ လေဘာပါတီခေါင်းဆောင် Anthony Albanese က ဒီဇင်ဘာ...
ကန်ဘာရာ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံ၏ လူဦးရေ ၂၅ သန်း၏ ထက်ဝက်ကျော်မှာ လော့ခ်ဒေါင်း (lockdown) ဆောင်ရွက်နေချိန်တွင် Pfizer ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အသက် ၁၂ နှစ်မှ ၁၅ နှစ်ကြား အသက်အရွယ်များအတွက် အသုံးပြုရန် ဆေးဝါးကြီးကြပ်ရေးအဖွဲ့က ယာယီခွင့်ပြုလိုက်ကြောင်း သိရသည်။...
ပေကျင်း၊ ဇွန် ၃၀ ရက်(ဆင်ဟွာ) ဩစတြေးလျနိုင်ငံ အရှေ့ပိုင်း ဆစ်ဒနီမြို့နှင့် မြောက်ပိုင်း ဒါဝင်မြို့ကို လော့ခ်ဒေါင်းချပြီးနောက် အနောက်ပိုင်းရှိ ပါ့သ်မြို့ကို ဇွန် ၂၉ ရက်တွင် လော့ခ်ဒေါင်း (၄)ရက်ချခဲ့ရာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ် Delta၏ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်အတွက် ဖြစ်ကြောင်း သိရသည်။
ကန်ဘာရာ၊ မေ ၂၅ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံက ယခုနှစ်ကုန်ပိုင်းတွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရန် လျာထားခဲ့ရာ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်ရှိ ဩစတြေးလျသံရုံးအား ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။