ကွာလာလမ်ပူမြို့ ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံဝန်ကြီးချုပ်(ဟောင်း) နာဂျစ်ရာဇက်ခ်၏ ဇနီးဖြစ်သူ ရိုစ့်မာမန်ဆာ(Rosmah Mansor) အား ကျေးလက်ကျောင်းများအတွက် နေစွမ်းအင်းသုံးလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး စီမံကိန်းတစ်ခုနှင့်ဆက်စပ်ပြီး အဂတိလိုက်စားမှုစွဲချက်များအပေါ် ခုခံချေပရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ဗီယင်ကျန်း ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)

COVID-19 ကပ်ရောဂါကြောင့် ကုန်သွယ်ရေး ထိခိုက်နစ်နာမှုများ ရှိနေလင့်ကစား ၂၀၂၀ ပြည့်နှစ်တွင် လာအိုနိုင်ငံ၏ ဗီယက်နမ်နိုင်ငံသို့ ကုန်စည်တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

နယူးဒေလီ၊ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ်တွင် ဖေဖော်ဝါရီ ၁၆ ရက်က ခရီးသည် ၆၀ ဦးခန့် တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးသည် တူးမြောင်းတစ်ခုထဲ ထိုးကျမှုဖြစ်ပွားခဲ့ရာ ရုပ်အလောင်း စုစုပေါင်း ၅၀ လောင်း ကို ရှာဖွေတွေ့ရှိထားကြောင်း ခရိုင်အုပ်ချုပ်ရေးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ Madhya Pradeshပြည်နယ် Sidhiခရိုင်တွင် ဖေဖော်ဝါရီ ၁၆ ရက်က ခရီးသည်တင်ဘတ်စ်ကားတစ်စီး တူးမြောင်းထဲထိုးကျမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ (၄၅)ဦးထိ မြင့်တက်လာခဲ့ကြောင်း ယင်းပြည်နယ်ဝန်ကြီးချုပ် Shivraj Singh Chouhanက အချင်းဖြစ်ပွားသည့်နေ့တွင် ပြောကြားခဲ့သည်။

ဖူကူရှီးမား၊ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ဖူကူရှီးမားစီရင်စု၌ ပြင်းအား ၇.၃ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် နာရီအနည်းငယ်အကြာ တနင်္ဂနွေနေ့ နံနက်ပိုင်းက အဝေးပြေးလမ်းမများပေါ်တွင် လမ်းသွားလမ်းလာ မော်တော်ယာဉ်များ မရှိသလောက် နည်းပါးသွားခဲ့သလို မြေပြိုမှုများကြောင့် အချို့သော လမ်းပိုင်းများကိုလည်း ပိတ်ထားခဲ့ရသည်။

ဟနွိုင်း၊ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံတွင် ဖေဖော်ဝါရီ ၁၃ ရက်က ပြည်ပကူးစက်မှု ၄ ဦး နှင့် ပြည်တွင်း ကူးစက်မှု ၄၉ ဦး အပါအဝင် COVID-19 ရောဂါအတည်ပြုလူနာသစ် ၅၃ ဦးစစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တိုကျို၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) 

ဖေဖော်ဝါရီ ၁၃ ရက်ညပိုင်းက ဂျပန်နိုင်ငံ ဖူကူရှီးမားအရှေ့ပိုင်းပင်လယ်ပြင်၌ မြေအောက်အနက် (၅၅)ကီလိုမီတာ ကို ဗဟိုပြု၍ ပြင်းအား ၇.၃ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ငလျင်လှုပ်ခတ်ပြီးနောက် ဂျပန်မိုးဇလဌာနက ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းတော့မရှိပေ။

မနီလာ၊ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်


ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒါဗို့ပြည်နယ်တွင် ယနေ့ ဖေဖော်ဝါရီ ၇ ရက်တွင် ကနဦးတိုင်းတာစစ်ဆေးမှုအရ ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံငလျင် နှင့် မီးတောင်ဆိုင်ရာဌာန(Phivolcs) ၏ ထုတ်ပြန်ချက် အရ သိရသည်။

ဗီယင်ကျန်း ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)

တိုကျို၊ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ဂျပန်နိုင်ငံဝန်ကြီးချုပ်ယိုရှီဟိုင်ဒီဆုဂါ(Yoshihide Suga)က COVID-19 ကပ်ရောဂါထိန်းချုပ်ရန်အတွက် မတ်လ ၇ ရက်နေ့အထိ နိုင်ငံတော်အရေးပေါ်အခြေအနေကို နောက်ထပ်တစ်လသက်တမ်းတိုးရန် ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။