ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (၃) ၏ သတင်းရယူ ဖော်ထုတ်မှုဖြင့် ယမန်နေ့က ငွေကျပ် သိန်း ၃ဝဝ ကျော်တန်ဖိုးရှိ ဘိန်းစိမ်းများ ဖော်ထုတ် သိမ်းဆည်းရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၄)ပေခန့်စီ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန် နေပြီး၊ နောက် (၃)ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု...
ပေကျင်း၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၎င်းတို့၏ လုံခြုံရေးဆိုင်ရာတုံ့ပြန်နိုင်မှုယန္တရားအား စစ်ဆေးရန် နှင့် မြှင့်တင်ရန် အတွက် ပထမဆုံး နျူကလီးယားလုံခြုံရေးဆိုင်ရာ အရေးပေါ်လေ့ကျင့်မှု တစ်ရပ်အား သြဂုတ် ၆ ရက်က ပြုလုပ်ခဲ့ကြောင်း အမျိုးသားကာကွယ်ရေးဆိုင်ရာ သိပ္ပံ၊နည်းပညာ နှင့် စက်မှုလုပ်ငန်း ဦးစီးဋ္ဌာန၏ ပြောကြားချက်...
နယူးယောက် ၊ သြဂုတ် ၇ (ဆင်ဟွာ) ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံထွက်ခွာခဲ့ပြီးနောက်ပိုင်း ပြုလုပ်သော စစ်တမ်းများအရ နယူးယောက်မြို့သည် လန်ဒန်မြို့ကို ကျော်ဖြတ်၍ လူနေထိုင်မှုစရိတ် ကမ္ဘာ့ဈေးအကြီးဆုံး မြို့တော်အဖြစ် ရှေ့ဆုံးတွင် ရပ်တည်နေကြောင်း သိရသည်။
တိုရွန်းတို၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ ဟမ်မယ်လ်တန်မြို့ တွင် အိမ်များမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့၍ လူ ၃ဦးသေဆုံးပြီး ၇ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေး တာဝန်ရှိသူများက သြဂုတ် ၆ ရက် တွင် ပြောကြားသည်။
နယူးဒေလီ ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ၊ မွန်ဘိုင်းမြို့၌ သြဂုတ်လ ၇ ရက် နံနက်ပိုင်းက နှစ်ထပ် အဆောက်အအုံ တစ်လုံးပြိုကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ နှစ်ဦးသေဆုံးပြီး ၆ ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့ကြောင်း အိန္ဒိယအကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။
ရီယို ဒီဂျနေရို၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ရီယို ၂၀၁၆ အိုလံပစ် မြင်းပြိုင်ကွင်း၌ နယူးဇီလန် အသင်း တာဝန်ရှိသူတစ်ဦးမှာ သြဂုတ်လ ၆ ရက်က သေနတ်ကျည်ဆန် လာရောက်ထိမှန်မည့်ဘေးမှ ကံကောင်းစွာ သီသီလေး ကင်းလွတ်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ၌ ကျင်းပနေသည့် ရီယို အိုလံပစ်ပြိုင်ပွဲအား အကာအကွယ်ပေးရန် အမေရိကန်နိုင်ငံသည် ၎င်းတို့၏ ထောက်လှမ်းရေးသမား ၁ဝဝဝ ဦးကို စေလွှတ်ထားကြောင်း အမေရိကန်ပြည်တွင်းသတင်းဌာနများက ရေးသားဖော်ပြသည်။
အယ်လ်ဂျီးရီးယား၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားလေယာဉ်တစ်စီးသည် သြဂုတ် ၆ ရက်က ပြင်သစ်နိုင်ငံ Marseille မြို့သို့ ဦးတည် ပျံသန်းနေစဉ် စက်ပိုင်းဆိုင်ရာချို့ယွင်းမှု ဖြစ်ပေါ်ခဲ့၍ မက်ဆီးဒိုးနီးယားပင်လယ် အလယ်လောက်ခန့်မှ အယ်လ်ဂျီးရီးယားနိုင်ငံသို့ ယူ- ပုံသဏ္ဍာန် ပြန်ကွေ့ခဲ့ရကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အင်းဝမြို့ဟောင်း၌ မြစ်ရေမြင့်တက်မှုများကြောင့် အချို့ သောရှေးဟောင်းစေတီ၊ အဆောက်အအုံများရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုသို့ဖြစ်ပေါ်မှုများကြောင့် ကြံ့ခိုင်မှုအားနည်းသွားသည့် ရှေးဟောင်း အဆောက်အအုံများ၊ ပျက်စီးသွားသည့် နေရာများရှိခဲ့ပါက နိုင်ငံတော် ဘတ်ဂျက်ဖြင့် ပြုပြင်ထိန်းသိမ်းသွား မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲမှ...