ရီဂါ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်သည် နိုဝင်ဘာလ ၄ ရက်နေ့က လတ်ဗီးယားနိုင်ငံ သို့ ပထမဆုံးအကြိမ်တရားဝင်အလည်အပတ်ခရီးရောက်ရှိခဲ့သည်။ ဝန်ကြီးချုပ် လီသည် တရားဝင် ချစ်ကြည်ရေး ခရီးစဉ် အပြင် နိုဝင်ဘာလ ၅ ရက်တွင် ပြုလုပ်မည့် 16+1 (တရုတ်နှင့် ဥရောပ အလယ်ပိုင်း၊...
တိုကျို၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံ သို့ရောက်ရှိနေစဉ် နိုဝင်ဘာလ ၄ ရက် နေ့ က Japan National Press Club တွင်ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ တို့၏ ဆက်ဆံရေးနှင့်ပတ်သက်ပြီးသတင်းထောက်များ၏ မေးမြန်းချက်အပေါ်...
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) မြန်မာအမျိုးသမီး ကွင်းလယ်ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးသည် ပါပူအာနယူးဂီနီ နိုင်ငံ၌ကျင်းပမည့် ၂ဝ၁၆ ယူ-၂ဝ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ၌ တာဝန်ထမ်းဆောင်ရန် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ယနေ့မြန်မာစံတော်ချိန် (၁၁း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အရှေ့-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ အနောက်တောင်ဘက် မိုင် (၁၂၀)ခန့်နှင့် ခီပူပါရာမြို့၏ တောင်-အရှေ့တောင်ဘက် မိုင် (၉၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးဇလမှ...
ဆန်တီယာဂို ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ဆင်ဟွာသတင်းဌာနတည်ထောင်ခြင်း ၈၅ နှစ်မြောက်အခမ်းအနားသို့ ချီလီနိုင်ငံသမ္မတ Michelle Bachelet နှင့်ကော်စတာရီကာနိုင်ငံသမ္မတ Luis Guillermo Solis တို့က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာကို အသီးသီးပေးပို့ခဲ့ကြကြောင်း သိရသည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၆ရက် (ဆင်ဟွာ) တစ်ရက်လျှင် ဆေးလိပ် တစ်ဘူးသောက်သုံးသူများသည် နှစ်စဉ် ၎င်းတို့၏ အဆုတ်အတွင်း ပျမ်းမျှအားဖြင့် ဗီဇပြောင်းလဲမှု ၁၅၀ကျော်ဖြစ်ပွားကြောင်း လေ့လာတွေ့ရှိမှုအသစ်တစ်ခုအရ သိရပြီး အဆိုလေ့လာချက်သည် ဆေးလိပ်သောက်သုံးသူများ အဆုတ်ကင်ဆာ ဖြစ်ပွားမှုနှုန်း မည်မျှမြင့်တက်မှုရှိသည်ကို ရှင်းပြရာ၌ အထောက်အကူပြုကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာကော်မတီဥက္ကဋ္ဌ Gen. Mikihail Kostarakos ၏ ဖိတ်ကြားချက်အရ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင်ကျင်းပပြုလုပ်မည့် ဥရောပသမဂ္ဂကာကွယ်ရေးဦးစီးချုပ်များ၏ စစ်ဘက်ဆိုင်ရာ ကော်မတီအစည်းအဝေး (European Union Military Committee-EUMC Meeting) သို့ တက်ရောက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်...
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များအလိုက် လောင်းကစားမှုပေါင်း ၂၆၀ မှု နှင့် လောင်းကြေးငွေ ကျပ်သိန်း ၂၀၀ ကျော်ဖမ်းဆီးရမိခဲ့မိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
နယူးဒေလီ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံမြောက်ပိုင်း Himachal Pradesh ပြည်နယ်တွင် နိုဝင်ဘာ ၅ရက်က ခရီးသည်တင် ဘတ်စ်ကားတစ်စီး တောင်ကြားထဲ ထိုးကျခဲ့၍ လူ၁၆ဦး ထက်မနည်းသေဆုံးကာ ၂၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးကပြောကြားခဲ့သည်။
ဆိုးလ် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တော်နှင့် အခြားနိုင်ငံအတွင်းရှိ မြို့ပေါင်းများစွာ၌ ပြည်သူထောင်ပေါင်းများစွာက (ယခင်) သမ္မတအကြံပေးနှင့် အထူးလူယုံဖြစ်သူ၏ အကျင့်ပျက်ခြစားမှုနှင့်ပတ်သက်၍ သမ္မတပတ်ဂွန်ဟေးအား ရာထူးမှနှုတ်ထွက်ပေးရန် ဖယောင်းတိုင်မီးများထွန်းညှိကာ နိုဝင်ဘာလ ၅ ရက်ညပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။