ရန်ကုန် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) ဒီမိုကရေစီသစ် အတွက် အားလုံးပါဝင်သော လွတ်လပ်သည့် မီဒီယာ ခေါင်းစဉ်ဖြင့် ပဉ္စမ အကြိမ်မြောက် မြန်မာ မီဒီယာ ဖွံ့ဖြိုးရေး ညီလာခံအား ယနေ့နိုဝင်ဘာ ၇ ရက်တွင် စတင်၍ ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ဆန်တီယာဂို ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ဆင်ဟွာသတင်းဌာနတည်ထောင်ခြင်း ၈၅ နှစ်မြောက်အခမ်းအနားသို့ ကော်စတာရီကာနိုင်ငံသမ္မတ Luis Guillermo Solis ၏ ဆင်ဟွာသတင်းဌာနပေးပို့သော သဝဏ်လွှာတွင် “ ကော်စတာရီကာနိုင်ငံကနေ ပြီး သဝဏ်လွှာပေးပို့လိုက်ပါတယ်။ ဆင်ဟွာသတင်းဌာနရဲ့ ၈၅ နှစ်မြောက် အခါသမယအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်” ဟု...
ဒါကာ၊ နိုဝင်ဘာ ၇ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာမြို့ရှိ Hazrat Shahjalal အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် နိုဝင်ဘာ ၆ရက် က ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လုံခြုံရေး ဝန်ထမ်းတစ်ဦးသေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် အစိမ်းရောင်ဖွံ့ဖြိုးမှု နှင့် သန့်စင်သော စွမ်းအင်ရရှိရေး အစီအစဉ်ကိုတိုးချဲ့ဆောင်ရွက်ခြင်းအစီအစဉ်တစ်ရပ်အနေဖြင့် လာမည့် ၂ဝ၂ဝပြည့်နှစ်တွင် နျူကလီးယားစွမ်းအင်ကီလိုဝပ် ၅၈ သန်းကို ထုတ်ယူသုံးစွဲသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံစွမ်းအင်ထိန်းသိမ်းရေးအဖွဲ့က နိုဝင်ဘာလ ၇ ရက်တွင် ကြေညာလိုက်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ရှိ နမ့်လန်ဈေးကြီးအား နိုဝင်ဘာ ၆ရက်နေ့က မီးလောင်မှုတွင် ဆိုင်ခန်း ၅၀၀ကျော် မီးလောင်ကျွမ်းပြီး ကျပ်သိန်း ၂၀၀၀ကျော် ဆုံးရှုံးခဲ့ကြောင်း နမ့်လန်ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
တီဟီရန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ Samarra မြို့ရှိ ကားပါကင်တစ်ခုတွင် နိုဝင်ဘာ ၆ရက်က အီရန်ဘုရားဖူးများအား အသေခံတိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့ရာ အီရတ်နိုင်ငံသား ၁၀ဦးသေဆုံးခဲ့ကြောင်း နိုင်ငံပိုင် IRNA သတင်းဋ္ဌာန ကဖော်ပြခဲ့သည်။
ကွမ်ကျိုး ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ဂွန်ဒေါင်းပြည်နယ် ဇူဟိုင်း(Zhuhai) မြို့၌ ကျင်းပပြုလုပ်ခဲ့သော (၁၁) ကြိမ်မြောက် တရုတ်နိုင်ငံတကာလေယာဉ်ပျံသန်းမှု နှင့်လေကြောင်း ပြပွဲတွင် အမေရိကန်ဒေါ်လာ ၄ဝ ဘီလီယံတန်ဖိုးရှိ လေကြောင်းဆိုင်ရာ အရောင်းအဝယ်ပြုလုပ်မှု စုစုပေါင်း ၄ဝ၂ ခုကို သဘောတူညီမှုရရှိခဲ့ကြောင်း ပွဲစီစဉ်သူများက...
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာ အုပ်စု၊ နမ့်လန်ဈေးတွင် ယနေ့ညနေ (၆း၂၀)နာရီအချိန်တွင် စတင်လောင်ကျွမ်းခဲ့သည့် မီးလောင်ကျွမ်းမှုသည် ည၉ နာရီတွင် မီးငြိမ်းသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဆင်ဟွာကိုပြောသည်။
ရီဂါ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က လတ်ဗီးယားနိုင်ငံ ရီဂါ တွင် ကျင်းပပြုလုပ်သည့် ငါးကြိမ်မြောက် တရုတ် နှင့် ဥရောပအလယ်ပိုင်း၊အရှေ့ပိုင်းနိုင်ငံများညီလာခံတွင် 16+1 (တရုတ်နှင့် ဥရောပ အလယ်ပိုင်း၊ အရှေ့ပိုင်းနိုင်ငံများ) ပူးပေါင်းဆောင်ရွက်ရေးကိုပိုမိုးတိုးမြှင့်ဆောင်ရွက်သွားရန်အဆိုပြုခဲ့သည်။ လီက လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်း 16+1 ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များပိုမိုထိရောက်ခဲ့ကြောင်း...
ဟိုင်နန်၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက တန်ချိန်မြင့်ဂြိုဟ်တုလွှတ်တင်ရေး ဒုံးပျံ Long March-5 ကို နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ဝမ်ချန်းအာကာသလွှတ်တင်ရေးစင်တာမှ နိုဝင်ဘာလ ၃ ရက်နေ့ တွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။ ထိုသို့ လွှတ်တင်ခြင်းသည် လကမ္ဘာနှင့် အင်္ဂါဂြိုဟ် ပေါ်သို့စူးစမ်းလေ့လာမှုများအပါအဝင်တရုတ်နိုင်ငံ၏ အာကာသစခန်းတစ်ခုတည်ဆောက်မည့် အစီအစဉ်...