ရန်ကုန် ၊ ဇွန် ၆ ရက်(ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှင့် ဇနီး ဒေါ်စုစုလွင်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံး အထူး ကြပ်မတ် ကုသဆောင်၌ ဆေးဝါးကုသမှု ခံယူ နေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး၏ ကျန်းမာရေး အခြေအနေကို ယနေ့ဇွန်...
ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) အိမ်ထောင်ရှင် အမျိုးသမီးများအတွက် Mrs Golden Land Myanmar 2017 အလှမယ်ရွေးချယ်ပွဲ ကို သြဂုတ်လတွင် ကျင်းပမည်ဖြစ်ပြီး အလှမယ်လျှောက်လွှာများကို ဇွန်လ ၃၀ ရက်နေ့ တွင် www.facebook.com/MrsGoldenLand သို့ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။
ရန်ကုန် ၊ ဇွန် ၆ ရက်(ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးနယ်မြေအတွင်း မှုခင်းကျဆင်းရေးနှင့်မှုခင်းမဖြစ်ပွားစေရေး အတွက် ရဲတပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်းအဖွဲ့သည် အထူး ပိတ်ဆို့ရှာဖွေ စစ်ဆေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်မှု အရ သိရသည်။
နယူးဒေလီ၊ ဇွန် ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရာဂျက်စတန်ပြည်နယ်တွင် ဖုန်းလိုင်း ရှင်းရှင်းလင်းလင်း မိစေရန်အတွက် အိန္ဒိယ ဝန်ကြီး Arjun Ram Meghwal သည် သစ်ပင် တစ်ပင်ပေါ်သို့ တက်ကာ ဖုန်းဆက်ခဲ့ရကြောင်း ဇွန်လ ၅ ရက်ထုတ် သတင်းများက ဖော်ပြထားသည်။
တိုကျို၊ ဇွန် ၆ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကာဂိုရှီးမား စီရင်စု ရှိ စကူရာဂျီမာ မီးတောင် သည် ဇွန်လ ၆ ရက် နံနက်ပိုင်းတွင် လှုပ်ရှားခဲ့ကြောင်း မိုးလေဝသ ဋ္ဌာန က ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့ရှိ ကျေးရွာတစ်ချို့ အတွင်းသို့ကြွက်ဝမ်းဖြူများ အစုလိုက်အပြုံလိုက် ထပ်မံ ဝင်ရောက်လာခဲ့ဖြင့် ရှာဖွေ နှိမ်နှင်းခဲ့ရာ ယခုအချိန်ထိ အကောင်ရေ ၁၆၆၇ ခန့်အား မြေမြှုပ် ဖျက်ဆီး နိုင်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။
ကုလသမဂ္ဂ၊ဇွန် ၆ ရက် (ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ၁၉၆၇ ခုနှစ်ကတည်းက အစ္စရေးတို့၏ ကျူးကျော်သိမ်းပိုက်ထားမှုကို အဆုံးသတ်ရန် နှင့် အစ္စရေး – ပါလက်စတိုင်းအကြား နှစ်ပြည်ထောင်စနစ်တည်ဆောက်မှုဖြင့် ပဋိပက္ခကို ဖြေရှင်းရန် အတွက် တွေ့ဆုံဆွေးနွေးကြရန် ဇွန်လ ၅ ရက်က တိုက်တွန်းပြောကြားလိုက်သည်။
ဘန်ကောက်၊ ဇွန် ၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း မဲခေါင်မြစ် ကမ်းနံဘေးတွင် ဆေးခြောက် ၁၀၀၀ ကီလိုဂရမ် ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့က ပြည်တွင်းသတင်းဋ္ဌာနသို့ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇွန် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သံအမတ် David Rank က တာဝန်မှ နှုတ်ထွက်လိုက်ကြောင်း အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင်ဟွာသတင်းဌာနသို့ဇွန်လ ၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ရဲတပ်ဖွဲ့ က ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ရှိ အလုပ်ရုံတစ်ခုတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့၍ လူ ၅ဦးသေဆုံးခဲ့ကြောင်း ဇွန် ၅ ရက် ကပြောကြားခဲ့သည်။