ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ဇူလိုင်လ အတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ဦးကျော်မြင့်ထွန်း (ခ) ဦးထွန်းလေး (တောဆင်ရိုင်းများ ကာကွယ်စောင့်ရှောက်ရေးသူရဲကောင်း) အဖြစ် ရွေးချယ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ခဲ့သည်။
ဒါကာ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ Bandarban, Rangamati နှင့် Khagrachari တောင်ကြားခရိုင် သုံးခုပေါင်းဆုံသော စစ်တကောင်း (Chittagong) တောင်ကုန်းနယ်မြေများတွင် သြဂုတ်လ ၁၈ ရက်က နိုင်ငံရေးပါတီတစ်ခု၏ ပြိုင်ဘက်အုပ်စု နှစ်ခုအကြား တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ဒေသခံနိုင်ငံရေးခေါင်းဆောင်တစ်ဦး အပါအဝင် လူ...
ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု၊ ရွှေဇားတံတားအနီး၌ သြဂုတ်လ ၁၇ ရက် ၇နာရီ ၁၀မိနစ်အချိန်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂,၇၆၆,၀၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်းပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၁၀၀/၂-၃)ကြား၌ ခိုင်ဦး(၄၃)နှစ်မောင်းနှင်ပြီး လူ၂၆ ဦး (ကျား ၁၆၊ မ ၁၀) လိုက်ပါလာသည့် 1N/xxxx “မျိုးဆက်သစ်” Express ခရီးသည် တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ပေါ်သို့ရောက်ရှိ တိမ်းမှောက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ...
အစ္စလာမ်မာဘတ်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ခရစ်ကတ်ကစားသမားဘဝမှ နိုင်ငံရေးဘက်ကူးပြောင်းလာသူ အီမရန်ခန်း (Imran Khan) သည် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် သြဂုတ်လ ၁၈ ရက် နံနက်ပိုင်းက ကျမ်းသစ္စာကျိန်ဆိုလိုက်ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် မဘိမ်းမြို့နယ်တွင် ဘိန်းဖြူ ၃.၅၆၁ ကီလို၊ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်လျက် စိတ်ကြွရူးသွပ် ဆေးပြား ၅၈၄,၉၇၄ ပြားတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နယူးဒေလီ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း Kerala ပြည်နယ်တွင် ရာစုနှစ်တစ်ခုနီးပါးအတွင်း အဆိုးဝါးဆုံးမိုးရွာသွန်းမှုကြောင့် ယခုနှစ် မေလမှစ၍ လူပေါင်း ၃၂၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၄၉)မိုင်ခန့် ကွာဝေးသောစစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြိ့ု၏ အနောက်တောင်ဘက် (၁၂)မိုင်ခန့်အကွာ တွင် အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်းမိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) အပူပိုင်းမုန်တိုင်း “ဘီဘင်ကာ” (Bebinca)၏ အကြွင်းအကျန် တိမ်တိုက်များ၏ အရှိန်ကြောင့် ယနေ့ညနေမှ နောက်(၇၂) နာရီအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့ တွင် နေရာကွက်၍ မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးကြီးမည့်သတိပေးချက်အားမိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ထုတ်ပြန်သည်။