ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်၌ ကားဝပ်ရှော့ တစ်ခုအတွင်း ဝါယာရှော့ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားပြီး ကျပ် ၁၅သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း ဖားကန့်မြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ပါလက်စတိုင်း နိုင်ငံ သမ္မတ Mahmoud Abbas က ဖေဖော်ဝါရီ ၂၀ ရက်နေ့၌ နိုင်ငံတကာ အသိုင်းအဝိုင်း အား ပါလက်စတိုင်း နိုင်ငံအား ကုလသမဂ္ဂ ၏ တရားဝင် အဖွဲ့ဝင် နိုင်ငံ အဖြစ်...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရဟိုင်းကူးတို့ ကျေးရွာ၌ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားရာ နေအိမ် ၁၃ လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) မူးယစ်ဆေးဝါး ထုတ်လုပ်မှုများတွင် ဘိန်းဖြူ၊ ဆေးခြောက်၊ ကိုကင်းနှင့် အဖက်တမင်း စိတ်ကြွရူးသွပ်ဆေးပြားများအပြင် စိတ်ပြောင်းဆေးဝါးသစ် ထုတ်လုပ်မှုများကိုပါ တွေ့ရှိလာကြောင်း မူးယစ်ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားသည်။
နိုင်ရိုဘီ ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ကင်ညာ နိုင်ငံ အနောက်ပိုင်း Nakuru ဒေသ ၌ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညပိုင်းအချိန်တွင် ကားအများ ဆင့်တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၅ ဦး သေဆုံးခဲ့ပြီး ၈ ဦး...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) နေပြည်တော်ကောင်စီ တပ်ကုန်းမြို့နယ် ပျော်ရွာကျေးရွာတွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျည် ၈၂ တောင့်တွေ့ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) နီပေါနိုင်ငံတောင်ပိုင်း Rautahat ခရိုင် တွင် အိန္ဒိယနိုင်ငံသား ၃ဦးအား နိုင်ငံအတွင်းသို့ လက်နက်မှောင်ခိုတင်သွင်းမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၂၀ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ၂၀၁၈ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒအား အစိုးရအဖွဲ့မှ ပြန်လည်သုံးသပ်၍ စိစစ်ပြီးဆောင်ရွက်မည့် အစီအစဉ်အသေးစိတ်အား တိုင်းဒေသကြီးလွှတ်တော် နှင့် ပြည်သူတို့ထံအချိန်မီကြိုတင်အသိပေးကြေညာသွားမည်ဖြစ်ကြောင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း ကပြောသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Punjab ပြည်နယ် တွင် ဖေဖော်ဝါရီ ၂၀ရက် က ဓါတ်ငွေ့ယိုစိမ့်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ဦးသေဆုံးပြီး လူ ၁၁ဦးကို ဆေးရုံတင်ခဲ့ရကြောင်း သိရသည်။