ဆိုးလ်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံသည် ၂၃ကြိမ်မြောက် တောင်ကိုရီးယား ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲသို့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံသို့ အကြောင်းကြား အသိပေးခဲ့သည်ကို တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဋ္ဌာနက ဖေဖော်ဝါရီ ၂၂ ရက်တွင်ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) ရေးမြို့နယ်၌ ရထားတိုက်မိမှုကြောင့် ရွာသား ၁ ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ သမီးဖြစ်သူ အီဗန်ကာထရမ့် သည် အမေရိကန်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ တောင်ကိုရီးယားနိုင်ငံ၌ ဖေဖော်ဝါရီ ၂၅ ရက်တွင်ပြုလုပ်မည့် ပြုံချန်းဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲ ပိတ်ပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဖေဖော်ဝါရီ ၂၁ ရက်တွင်ပြောကြားခဲ့သည်။
အဘူဂျာ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဆိုကိုတိုပြည်နယ်တွင် ဖေဖော်ဝါရီလ ၂၁ ရက်၌ ဓားပြအဖွဲ့တစ်ဖွဲ့က အကျဉ်းသားများ လွတ်မြောက်ရန် ကြိုးစားခဲ့သည့် တိုက်ခိုက်သူ နှစ်ဦးအား အကျဉ်းထောင် လုံခြုံရေးများက ပစ်သတ်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း အခြားသူများလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်အတွင်း တရားမဝင်သစ်လုံးများနှင့် သစ်ခွဲသားဆိုဒ်စုံ တန် ၇၀ကျော် အား သိမ်းဆည်းရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဘူဂျာ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ သမ္မတ Muhammadu Buhari က ယခုရက်သတ္တပတ်အစောပိုင်း တွင် မိန်းကလေးကောလိပ်တစ်ခု အား ဘိုကိုဟာရမ် စစ်သွေးကြွအုပ်စု က တိုက်ခိုက်ခဲ့သည့်အပေါ် စုံစမ်းစစ်ဆေးရန် ၎င်း၏ အစိုးရအဖွဲ့ဝင် သုံးဦးအား ဖေဖော်ဝါရီ ၂၁ရက်က ညွှန်ကြားခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း Madhya Pradesh ပြည်နယ် ရှိ နေအိမ်တစ်လုံး နှင့် လက်ဖက်ရည်ဆိုင် တစ်ဆိုင်အား ကုန်တင်ကားတစ်စီးမှ အရှိန်လွန်၍ ဝင်တိုက်မှုကြောင့် အနည်းဆုံး လူ ၁၀ဦးသေဆုံးပြီး အခြားလူ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ပြ ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် ရန်ကုန်မြို့ပတ်ရထားလမ်းကို အပိုင်း သုံးပိုင်း ခွဲခြား၍ ယနေ့စတင် ဆောင် ရွက်နေပြီဖြစ်ကြောင်း အောက် မြန်မာပြည်မီးရထားရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးမြို့၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ယခု အချိန်တွင် လုံခြုံရေး တိုးမြှင့် ဆောင်ရွက် ထားကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝေလင်းအောင်က ယနေ့ဖေဖော်ဝါရီ ၂၂ ရက်တွင် ဆင်ဟွာသို့ ပြောကြား ခဲ့သည်။
အစ္စလာမ်မာဘတ် ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံတရားရုံးချုပ်က ဖေဖော်ဝါရီ ၂၁ ရက်တွင် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နာဝတ်ဇ်ရှာရစ်အား အာဏာရပါကစ္စတန်မွတ်စလင်လိဂ်-Nawaz (PML-N) ပါတီ၏ ခေါင်းဆောင်အဖြစ်မှ အရည်အချင်းမပြည့်မီ၍ ဖယ်ရှားလိုက်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်ဟု ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။