ဒမတ်စကတ်၊ ဧပြီ ၁၅ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အလက်ပိုပြည်နယ် အလက်ပိုမြို့ကို ဧပြီ ၁၄ ရက်က အစိုးရဆန့်ကျင်ရေးလက်နက်ကိုင်များ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ အရပ်သား ၁၁ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မက္ကဆီကိုစီတီး၊ ဧပြီ ၁၅ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံတွင် မြို့တော်ထရီပိုလီ အတွင်းနှင့်အနီးပတ်ဝန်းကျင်၌ဖြစ်ပွားလျက်ရှိသော ကုလသမဂ္ဂ ထောက်ခံသည့်လစ်ဗျားအစိုးရတပ်ဖွဲ့များနှင့် နိုင်ငံအရှေ့ပိုင်းအခြေစိုက်တပ်ဖွဲ့များအကြားတိုက်ပွဲများ ကြောင့် သေဆုံးသူဦးရေမှာ ၁၄၇ ဦးနှင့် ဒဏ်ရာရသူ ၆၁၄ ဦးရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ဧပြီလ ၁၄ ရက်ကပြောကြားခဲ့သည်။
ပေကျင်း၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် တွင် ချယ်ရီပန်းများဖူးပွင့်ကြပုံ၊ ဟဲနန်ပြည်နယ် တွင် ပုလဲပန်းများဖူးပွင့်ကြပုံ၊ မြောက်ပိုင်း ဟေပေပြည်နယ် ဇီးချိုသီးပင်များ ဖူးပွင့်ကြပုံ နှင့် အရှေ့ပိုင်း အန်းဟွေးပြည်နယ် Rapessed ပန်းများဖူးပွင့်ကြပုံ များကို ဆင်ဟွာသတင်းဋ္ဌာနက ရိုက်ကူးပြီး တရုတ်နိုင်ငံ၏...
ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း ဧပြီ ၁၃ ရက်၌ AA လက်နက်ကိုင်အဖွဲ့များ၏ သင်တန်းကျောင်းနှင့် စခန်းများအား သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
မက္ကဆီကိုစီတီး၊ ဧပြီလ ၁၅ ရက်(ဆင်ဟွာ) မက္ကဆီကိုအစိုးရအနေနှင့် တရုတ်ခရီးသွားများလာရောက်လည်ပတ်မှုအားပိုမိုဆွဲဆောင်မှုပြုနိုင်ရန်အ တွက် “တံခါးဝမှာခေါက်နေစဉ်” (Knocking at the Door) အမည်ရှိ ကမ္ဘာလှည့်ခရီးသွားစီမံချက်တစ် ရပ်က ိုလုပ်ဆောင်သွားရန်စီစဉ်နေကြောင်း မက္ကဆီကိုကမ္ဘာလှည့်ခရီးသွားဝန်ကြီးဌာန က ဧပြီလ ၁၄ ရက်တွင်ပြောကြားခဲ့သည်။
ဟယ်လ်ဆင်ကီ၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) ဖင်လန်နိုင်ငံ၏ အတိုက်အခံပါတီဖြစ်သော ဆိုရှယ် ဒီမိုကရက်တစ်ပါတီ (Social Democratic Party) က လွှတ်တော်၌ နေရာ ၄၀ ရရှိကာ အင်အားအကြီးဆုံးဖြစ်လာနိုင်ဖွယ်ရှိကြောင်း အမျိုးသား အသံလွှင့်ဌာန Yle က ဧပြီလ ၁၄ ရက်ညပိုင်း၌ ခန့်မှန်းခဲ့သည်။
ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ဇေယျာသီရိကုန်ပဒေသာ တိုက်အတွင်းရှိ စားသောက် ဆိုင်တန်းတွင် ဧပြီ ၁၄ ရက် ညနေ ၃ နာရီချိန်ခန့်တွင် ဝါယာရှော့ ဖြစ်ပွားပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကာ လူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) ချင်းပြည်နယ် ဟားခါးခရိုင် ထန်တလန်မြို့အနီး၌ ယနေ့ ဧပြီ ၁၅ ရက် မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၀၉)မိနစ်၊ (၄၅)စက္ကန့် အချိန်တွင် အင်အားရစ်(ခ်)တာစကေး ၅.၁ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် တန်ခူးလဆန်း ၁၀ ရက် မဟာသြင်္ကန်ပွဲတော် အကျနေ့တွင် ရန်ကုန်မြို့ တော်အတွင်း ရေကစားနေမှုအား ဆင်ဟွာသတင်းဌာနမှသွားရောက်ရိုက်ကူးခဲ့သည်။ သြင်္ကန်အကျနေ့၌ ရန်ကုန်မြို့၊ အင်းယားလမ်းရှိ မြန်မာ့ရိုးရာ တိုင်းရင်းသားလမ်းလျှောက်သြင်္ကန်တွင် ရေကစားနေမှုများနှင့်စည်ကားလျက်ရှိသည်။(Xinhua)
ရန်ကုန်၊ဧပြီ ၁၄ ရက် (ဆင်ဟွာ) နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ဇေယျာသီရိကုန်တိုက်၌ ယနေ့ (ဧပြီ ၁၄ ရက်) မဟာသြင်္ကန် အကျနေ့ မွန်းလွဲ ၃ နာရီ ၇ မိနစ်အချိန်တွင် စတင်ပြီး မီးလောင်မှု ဖြစ်ပွားလျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်သော သတင်းအရ သိရသည်။