ဆစ်ဒနီ၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မြို့တော် မဲလ်ဘုန်းရှိ နိုက်ကလပ်အပြင်ဘက်တွင် ဧပြီလ ၁၄ ရက်၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းအနက် ၂ ဦးမှာ စိုးရိမ်ဖွယ် အခြေအနေရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရီယိုဒီဂျနေရို ၊ ဧပြီ ၁၄ ရက်(ဆင်ဟွာ) ဘရာဇီးဂန္တဝင်ဘောလုံးသမား ပီလီသည် ဆေးရုံး၌ ကျောက်ကပ်တစ်လုံးခွဲစိတ်ကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း ဆရာဝန်များက ဧပြီ ၁၃ ရက်တွင်ပြောကြားခဲ့သည်။
ဟူစတန် ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဟူစတန်မြို့၌ ဧပြီ ၁၃ ရက်က ၃၂ ကြိမ်မြောက် ဟူစတန်ကားအလှဆင်ချီတက်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် တန်ခူးလဆန်း ၉ ရက် မဟာသြင်္ကန်ပွဲတော် အကြိုနေ့တွင် မြို့တော်ခမ်းမရှိ ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ သည်။ အဆိုပါ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “၁၃၈၁ခုနှစ်ကို ကြိုဆိုကျမယ့် နှစ်သစ်အခါဖြစ်ပါတယ်၊...
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ အနီး ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင် ၁၇၉ နှင့် ၁၈၀ ကြား၌ ဧပြီလ ၁၂ ရက်၌ ဒေသန္တရလက်လုပ် ရှော့တိုက်မိုင်း(ခ)ကားမိုင်း ၇ လုံး တွေ့ရှိခဲ့၍ သက်မဲ့ပြုလုပ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော...
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြို့ပင်အင်းကျေးရွာရှိ ယနေ့ ဧပြီ ၁၃ ရက်၊ မွန်းလွဲ ၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၂၈ လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောခရိုင်၊ဘူးသီးတောင်မြို့အမှတ် (၁)အနောက်ရပ်ကွက်၌ ယနေ့နံနက်၂ နာရီ ၄၅မိနစ်က မီးလောင်မှုဖြစ်ပွား၍ နေအိမ်ခုနှစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် နောင်တရားမြို့ ပင်လောင်း-အောင်ပန်းကားလမ်း မိုင်တိုင် အမှတ်၂၉/၂ အနီး၌ ဧပြီ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်ရာမှ လူ နှစ်ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော...
ခါတွမ် ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံ၏ အသွင်ကူးပြောင်းရေးစစ်ကောင်စီဥက္ကဋ္ဌ Awad Mohamed Ahmed Ibn Auf သည် ရာထူးမှ နုတ်ထွက်ကြောင်း ဧပြီ ၁၂ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။