မန္တလေး၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ) နိုင်ငံတော် ငြိမ်းချမ်း သာယာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ယခုနှစ်သစ်မှစပြီး အားသစ် အင်သစ် ရည်မှန်းချက်သစ်များဖြင့် ဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ မြင့်မောင်က ယနေ့နံနက် မန္တလေးမြို့တော် မဟာသြင်္ကန်မဏ္ဍပ် ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်သည် ၂ဝ၁၈ ခုနှစ်တွင် ဝင်ငွေ ရုရှားရူဗယ် ၈.၆၄၈ သန်း (အမေရိကန်ဒေါ်လာ ၁၃၄,၄ဝဝ) ရရှိခဲ့ကြောင်း ၊ ဧပြီ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် ၎င်း၏ ဝင်ငွေကြေညာချက်တွင် ဖော်ပြထားရာ ယင်းမှာ ၂ဝ၁၇ ခုနှစ်တွင်...
ဝါရှင်တန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ဗင်နီဇွဲလား နှင့် ကျူးဘားနိုင်ငံအပေါ် ဖိအားပေးမှုများကို မြှင့်တင်ရန် ရေနံကုမ္ပဏီ ၄ခု နှင့် ၎င်းတို့၏ သင်္ဘော ၉စီး အပေါ် ပိတ်ဆို့တားမြစ်မှုများ ပြုလုပ်ကြောင်း ဧပြီ ၁၂ ရက်ကကြေညာခဲ့သည်။
ဝါရှင်တန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ အိမ်ဖြူတော်အပြင်ဘက်တွင် ဧပြီ ၁၂ ရက် နေ့လည်ပိုင်းက အမျိုးသားတစ်ဦး ၎င်း၏ ဂျာကင်အင်္ကျီအား မီးရှို့ခဲ့ကြောင်း အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် တန်ခူးလဆန်း ၉ ရက် မဟာသြင်္ကန်ပွဲတော် အကြိုနေ့တွင် မြို့တော်ခမ်းမရှိ ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ သည်။
ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့်၌ ရွေးကောက်တင်မြှောက်ခြင်းခံရသူများ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အစည်းအဝေးခန်းမ၌ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ရှေ့မှောက်တွင် ကတိသစ္စာပြုခဲ့ကြကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့ တွင် ကျင်းပမည့် ၄၃ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံ အစည်းအဝေးတွင် ပုဂံယဉ်ကျေးမှုဒေသ အား ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေး ကို ဆုံးဖြတ်မည်ဖြစ်ရာ မြန်မာနိုင်ငံတွင်ရှိသည့် ကမ္ဘာ့အမွေအနှစ်ကော်မတီဝင် ၂၁ နိုင်ငံဆိုင်ရာ သံရုံးများမှ သံအမတ်များ နှင့် တာဝန်ရှိသူများ၊ အလှူရှင်နိုင်ငံများမှ...
ဂျေရုစလမ် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) အစ္စရေး အာကာသယာဉ် တစ်ဦးသည် ဧပြီ ၁၁ ရက် ညနေပိုင်းတွင် လကမ္ဘာပေါ်သို့ဆင်းသက်စဉ် အတွင်း ယာဉ်၏ အဓိက အင်ဂျင်မှာ ချို့ယွင်းမှု ဖြစ်ပွားကာ ပျက်ကျသွားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ်တွင် ငွေကျပ် ၁,၁၇ဝ သိန်းတန်ဖိုးရှိ ဘိန်းဆီခဲများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည်။