ပေကျင်း ၊ မတ် ၆ ရက်(ဆင်ဟွာ) စီးပွားရေးကဏ္ဍအပေါ် ဖိအားများ တိုးမြင့်လာနေလင့်ကစား တရုတ်နိုင်ငံသည် လူမှုရေး နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်း၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြိုးပမ်းအားထုတ်ခြင်းကို မဆုတ်မနစ်သောဇွဲ နှင့် အာရုံစူးစိုက်မှုအပြည့်ဖြင့်ကမ္ဘာကြီးကို အာမခံပြောကြားအသိပေးလျက်ရှိသည်။
နယူးဒေလီ၊ မတ် ၆ ရက် (ဆင်ဟွာ) ပါကစ္စတန်ရေပိုင်နက်အတွင်းသို့ အိန္ဒိယရေငုပ်သင်္ဘောတစ်စီး ဝင်ရောက်ရန် ကြိုးစားခဲ့သည်ဟူသော သတင်းမှာ သတင်းမှားဖြစ်သည်ဟု အိန္ဒိယနိုင်ငံက ငြင်းဆိုခဲ့ကြောင်း ကာကွယ်ရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။
မနီလာ၊ မတ် ၆ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း တွင် မတ် ၆ ရက် နံနက်ပိုင်းက အင်အား ၅.၅ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ မီးတောင် နှင့် ငလျင်ဌာန (Phivoics) ကပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက စီးပွားရေးကဏ္ဍတွင် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း တရုတ်အဆင့်မြင့် စီးပွားရေး စီမံရေးရာ နှင့် အမျိုးသား အကျိုးစီးပွားတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် အကြီးအကဲ He Li Feng က ၁၃ ကြိမ်မြောက် တရုတ်အမျိုးသားကွန်ဂရက်...
ပေကျင်း၊ မတ် ၆ ရက်(ဆင်ဟွာ) ဆရာဆရာမများမှသည် တောင်သူလယ်သမားများအထိ သိပ္ပံပညာရှင်များမှသည် ရုပ်ရှင်ဒါရိုက်တာများအထိ နယ်ပယ်ကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်များသည် တရုတ်နိုင်ငံပေကျင်းမြို့ တွင် တရုတ်နိုင်ငံ၏ အဆင့်မြင့် ဥပဒေပြုရေးနှင့် နိုင်ငံရေးအကြံပေးအဖွဲများ၏ နှစ်ပတ်လည်အစည်းအဝေးများတက်ရောက်ရန် စုဝေးရောက်ရှိ လာကြပါသည်။ မတ်လ ၄ ရက်နေ့တွင်တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဆွေးနွေးပွဲသို့တက်ရောက်ခဲ့ပြီး ယဉ်ကျေးမှု အနုပညာ လူမှုသိပ္ပံ...
အာမန်၊ မတ် ၅ ရက် (ဆင်ဟွာ) ဂျော်ဒန်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဘလုပ်ငန်းများကို ထောက်ပံ့ပေးရန်အတွက် လာမည့်နှစ်နှစ်အတွင်း ဂျော်ဒန်နိုင်ငံကို ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၄ရက်က နိုင်ငံပိုင်မီဒီယာတစ်ခုဖြစ်သည့် Petra သတင်းအေဂျင်စီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ တွင် လူကုန်ကူးမှုပေါင်း ၁၈ မှု ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ပေကျင်း ၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းကသာအကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း တရုတ် ကုန်သွယ်ရေးဝန်ကြီး Zhong Shan က ပေကျင်းမြို့တွင် ပြုလုပ်လျက်ရှိသည့် ၁၃ ကြိမ်မြောက် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် တွင်ပြောကြားခဲ့သည်။(Xinhua)
ပေကျင်း ၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒကြောင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေနိုင်ခဲ့ကြောင်း ပေကျင်းမြို့တွင် ပြုလုပ်လျက်ရှိသည့် ၁၃ ကြိမ်မြောက် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် တွင် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် ၏ ဒုတိယဝန်ကြီး Li Dongsheng ကပြောကြားခဲ့သည်။ (Xinhua)
ပေကျင်း ၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဉာဏပစ္စည်းမူပိုင်ခွင့်(IP) အကာအကွယ်ပေးရေးကို နိုင်ငံအနှံ့တွင် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဉာဏမူပိုင်ခွင့်ချိုးဖောက်မှုများအတွက် နစ်နာမှုဒဏ်ကြေးငွေပေးဆောင်ရေး စနစ်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ၎င်းတို့၏ စက်မှုကုန်ထုတ်ပစ္စည်းများအတွက် တီထွင်ဆန်းသစ်မှု နှင့် ဖန်တီးမှုများအတွက် အဆင့်မြှင့်တင်ခြင်းတို့ကို တွန်းအားပေးရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစိုးရအလုပ်အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။...