ဖူရောင်၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ဖူရောင်ရှေးဟောင်းမြို့သည် တောင်ပတ်လည်ဝန်းရံလျှက်ရှိသည့်အပြင် မြို့အတွင်း၌လည်း လှပသည့် ရေတံခွန်အဆင့်ဆင့် တည်ရှိသောကြောင့် ပုံပြင်ထဲက မြို့ငယ်လေးသဖွယ် ကမ္ဘာလှည့်ခရီးသွားများကိုဆွဲဆောင်နိုင်သည့်မြို့တစ်မြို့ဖြစ်သည်။(Xinhua)
ဂါဇာ ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံ နှင့် ဂါဇာကမ်းမြောင်ဒေသ အရှေ့ပိုင်း အကြားတွင် တည်ရှိသော အစ္စရေးနယ်ခြားစောင့်တပ်စခန်းမှ ရဲဘော်များ နှင့် ပါလက်စတိုင်းဆန္ဒပြသူများ၏ ပဋိပက္ခအတွင်း ဆန္ဒပြသူအနည်းဆုံး ၇၇ ဉီးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပါလက်စတိုင်းတာဝန်ရှိသူတစ်ဉီးက ဆိုသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက ကျူးဘားနိုင်ငံအစိုးရအား ဖိအားပေးသည့်အနေဖြင့် ဒီဇင်ဘာလမှစတင်ကာ အမေရိကန်လေကြောင်းလိုင်းများအား ဟာဗားနားမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှလွဲ၍ ကျန်ကျူးဘားရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များအားလုံးသို့ ပျံသန်းခြင်းမှ တားမြစ်သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၌ တာဝန်ထမ်းဆောင်ရန်သွားရောက်သော ရဲတပ်ဖွဲ့ဝင် ၂၇ ဦးနှင့် ပြည်သူအချို့ ယနေ့ (အောက်တိုဘာ ၂၆ ရက်) နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ်အတွင်းAA လက်နက်ကိုင်တပ်ဖွဲ့ ၏ဖမ်းဆီးခြင်းခံခဲ့ရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
ဘဂ္ဂဒတ်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒတ်အအပါအဝင် အခြားသောမြို့များ၌ အောက်တိုဘာ ၂၄ ရက်က ဒေါသထွက်နေသည့် အီရတ်နိုင်ငံသားများစွာက အစိုးရဆန့်ကျင်ဆန္ဒပြမှုအသစ် ပြုလုပ်ခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၃၀ ဦးသေဆုံးခဲ့ပြီး ၂,၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နန်ချန်း ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) အသက် ၅၅ နှစ်အရွယ် ရှောင်ကျုံလင်(Xiao Jiulin) သည် တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ကျေးရွာလေးတစ်ရွာတွင် ဆေးကုသပေးနေသည့် ကျေးလက်ဆရာဝန်တစ်ဉီးဖြစ်သည်။ အသက် ၃ နှစ်သားအရွယ်တွင် ရှောင်သည် အပြင်းဖျားဝေဒနာတစ်ခု ခံစားခဲ့ရပြီးနောက် ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှု ဖြစ်ပေါ်ခဲ့ရသည်။
နေပြည်တော်၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) (၈)ကြိမ်မြောက် JICM အစည်းအဝေး ကျင်းပနိုင်ရေး အတွက် အစိုးရနှင့် NCA_S EAOs အကြိုညှိနှိုင်း အစည်းအဝေးကို နေပြည်တော်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌ ယနေ့ပြုလုပ်ခဲ့ရာ နှစ်ဘက် သဘောတူညီချက် ကိုးချက် ရရှိခဲ့ကြောင်း...
ရှန်ဟိုင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပဉ္စမမြောက် C919 ခရီးသည်တင်လေယာဉ်ကြီးအား အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက ရှန်ဟိုင်းမြို့လေဆိပ်တွင် စမ်းသပ်ပျံသန်းမှု အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။ အဆိုပါ ပြည်တွင်းထုတ် လေယာဉ်သည် ရှန်ဟိုင်း ဖူတုံ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒေသစံတော်ချိန် နံနက် ၁၀...
ရှန်ဟိုင်း၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၏ ရှန်ဟိုင်းလွတ်လပ်သောကုန်သွယ်မှု ဒေသ ရှိ lingang လေကြောင်းပျံသန်းရေး စခန်းတွင် “SKYWAVE” ဟု အမည်ပေးထားသည့် ကုန်းရေ နှစ်မျိုးသွားလေယာဉ်ကို အောက်တိုဘာ ၂၃ ရက်က စမ်းသပ်မောင်းနှင်ခဲ့သည်။ ၎င်းလေယာဉ်ကို ရှန်ဟိုင်းလွတ်လပ်သောကုန်သွယ်မှု ဒေသ မှ ၁၂၀...