ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ပဋိဇီဝဆေးဝါးများ (Antibiotic) ကို စနစ်တကျသုံးစွဲမှုမရှိခြင်းကြောင့် ရောဂါပိုးများသည် ပဋိဇီဝဆေးယဉ်ပါးကာ ဆေးမတိုးတော့သဖြင့် ရောဂါပျောက်ကင်းမှုမရှိခြင်း၊ အသက်သေဆုံးသည်အထိ ဖြစ်ပွားခြင်းတို့ဖြစ်ပွားနိုင်ပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း ပဋိဇီဝဆေးဝါးများကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ ညွှန်းဆိုချက်အတိုင်း လိုက်နာ၍ သုံးစွဲသောက်သုံးရမည့် ပမာဏ၊ အကြိမ်အရေအတွက်နှင့် ကာလအတိုင်းသာ စနစ်တကျ သုံးစွဲသောက်သုံးရမည်ဖြစ်ကြောင်း...
မော်စကို၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ စစ်တပ်က တာဝေးပစ် ဒုံးကျည်သယ်ဆောင်သော Tu-160 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် နှစ်စင်းကို တောင်အာဖရိကနိုင်ငံ စစ်တပ် အဆင့်မြင့်အရာရှိကြီးများအား ခင်းကျင်းပြသခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ သပြေရ ကျေးရွာအထွက်(Mobile X-Rays ကွင်းရှောင်လမ်း)တွင် ပလတ်စတစ်အိတ်ဖြင့်ထည့်ထားသည့် ICE အလေးချိန် ၆၅၀ ဂရမ်(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၉၅ သိန်း)၊ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂,၅၇၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၁,၄၀၀ သိန်း) အားဖမ်းဆီးရမိခဲ့ကြောင်း...
တိုကျို၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယသမ္မတဝမ်ချီစန်း(Wang Qishan) က တရုတ်-ဂျပန် နှစ်နိုင်ငံဆက်ဆံရေးကိုငြိမ်းချမ်းသာယာသော၊ချစ်ကြည်ရင်းနှီးသော၊ပူးပေါင်းဆောင်ရွက်မှုရှိသောလမ်းကြောင်းပေါ်တွင်ဆက်လက်တိုးတက်စေရေး ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
နေပြည်တော်၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) (၈)ကြိမ်မြောက် JICM အစည်းအဝေး ကျင်းပရေး အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့ အောက်တိုဘာ ၂၄ ရက်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှန်ဟိုင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပဉ္စမမြောက် C919 ခရီးသည်တင်လေယာဉ်ကြီးအား အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက ရှန်ဟိုင်းမြို့လေဆိပ်တွင် စမ်းသပ်ပျံသန်းမှု အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။
ပဲခူး ၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ချန်းဟိုင် ဦးဆောင်သော တရုတ် နိုင်ငံ လုပ်ငန်းကုမ္ပဏီများ အဖွဲ့ သည် အောက်တိုဘာ ၂၄ ရက် တွင် ပဲခူးတိုင်းဒေသကြီး သို့ သွားရောက်ပြီး ရင်းနှီးမြှုပ်နှံမှု...
ကွမ်ကျိုး၊ အောက်တိုဘာ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံကွမ်တုံပြည်နယ် ကွမ်ကျိုးမြို့တွင် ဂီတသံများ ထွက်ပေါ်သည့် စန္ဒယားလှေခါးထစ်များ ကို ရထားဘူတာအတွင်း တပ်ဆင်ထားသည်။ လမ်းလျှောက်ခြင်းနှင့် လှေခါးအတက်အဆင်းပြုလုပ်ခြင်းကို ပိုမိုအသုံးပြုနိုင်ရန် တွန်းအားပေးသည့်အနေဖြင့် ခြေလှမ်းတစ်လှမ်းလှမ်းတိုင်းတွင် ဂီတသံများထွက်ပေါ်လာ စေရန် အထူးစီမံ ပြုလုပ်ထားခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)
ချုံကျင်း၊ အောက်တိုဘာ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း ရှိ တောတောင်များထူထပ်လျှက်ရှိသည့် ချုံကျင်းမြို့တွင် မြို့ပြနေပြည်သူများ အတွက် ရထားလိုင်းပေါင်း ၈ လိုင်း ပြေးဆွဲလျှက်ရှိသည်။ အများပြည်သူများသွားလာရေး အဆင်ပြေစေမည့် မြေအောက်ရထား နှင့် သံလမ်းတစ်ကြောင်းတည်းပြေးဆွဲသည့် ရထားများမှာ အဓိက သယ်ယူပို့ဆောင်သည့် ရထားများဖြစ်သည်။ ချုံကျင်းမြို့တွင် အဆိုပါ ရထားများကိုအသုံးပြုကာ...