ဟူစတန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ Johnson & Johnson COVID-19 ကာကွယ်ဆေးနှင့်ပတ်သက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူရခြင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးပညာရှင်များက ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဒါကာ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ၏ မြို့ဟောင်းအပိုင်းရှိ ဓာတုပစ္စည်းသိုလှောင်ရုံတစ်ခုတွင် ဧပြီ ၂၃ ရက် အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁ ဦးသေဆုံးပြီး အခြားသူ ၁၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် ဧပြီ ၂၃ ရက်၌ COVID-19 ထပ်မံကူးစက်ခံရသူဦးရေ ၂၀၇၀ ဦးသို့ စံချိန်တင်ရောက်ရှိခဲ့ကာ စုစုပေါင်းကူးစက်ခံရသူဦးရေ ၅၀,၀၀၀ ကျော်သွားပြီဖြစ်ကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA) မှ သိရသည်။
လန်ဒန် ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ ဆေးဝါးနှင့် ကျန်းမာရေးထုတ်ကုန်များ ကြီးကြပ်မှုဌာန၏ ဧပြီ ၂၂ ရက်တွင်ထုတ်ပြန်ခဲ့သော စာရင်းပြုစုချက်အရ ဗြိတိန်နိုင်ငံတွင် လူပေါင်း ၁၆၈ ဦး၌ AstraZeneca ဆေးဝါးထုတ်လုပ်မှုကုမ္ပဏီနှင့် အောက်စ်ဖို့တက္ကသိုလ်တို့မှ ပူးပေါင်းတီထွင်ထုတ်လုပ်ခဲ့သည့် COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ပြီးနောက် သွေးခဲသည့်...
ဟာဗားနား၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ကျူးဘားနိုင်ငံရှိ လူဦးရေ ၂ သန်းကျော်နေထိုင်သော ဟာဗားနားမြို့တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်ရေးအတွက် လူထုကာကွယ်ဆေးထိုးနှံခြင်းကို မေလ၌ စတင်ရန် ကျန်းမာရေးအာဏာပိုင်များက ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၂ ရက်၌ ပြောကြားခဲ့သည်။
နယူးရောက်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ဈေးကွက်အတွင်း နောက်ဆုံးရအချက်အလက်များအား ဆန်းစစ်ချက်အရ ဧပြီ ၂၂ ရက်နှောင်းပိုင်း ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာမှာ အမြင့်ဘက်သို့ ဦးတည်ခဲ့ကြောင်း သိရသည်။
အော့တဝါ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံက အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု ဆက်လက်မြင့်တက်လာသဖြင့် ၎င်းနှစ်နိုင်ငံမှ လေယာဥ်ခရီးစဥ်များအားလုံးကို ဧပြီ ၂၂ ရက်မှစတင်ကာ ရက်ပေါင်း ၃၀ ကြာ တားမြစ်လိုက်ကြောင်း သိရသည်။
ဒမားစကပ် ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ဆီရီးယားနိုင်ငံက ဧပြီ ၂၂ ရက်၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဦးဆောင်သော COVAX အစီအစဉ်ဖြင့် COVID-19 ရောဂါကာကွယ်ဆေးအခုရေ ၂၀၃,၀၀၀ လက်ခံရရှိ ခဲ့ကြောင်း သိရှိရသည်။
ဝါရှင်တန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဗဟိုကွပ်ကဲရေး တပ်မှူး Kenneth McKenzie က လာမည့်လများအတွင်း အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန် တပ်ဖွဲ့ဝင်များ ရုပ်သိမ်းပြီးနောက် အာဖဂန်စစ်တပ်၏ ဆောင်ရွက်နိုင်စွမ်းကို စိုးရိမ်မိကြောင်း ဧပြီ ၂၂ ရက်၌ ပြောကြားခဲ့သည်။
ကိုင်ရို၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဆိုးဝါးလှသော ရထားမတော်တဆမှုကြောင့် အီဂျစ်နိုင်ငံသယ်ယူပို့ဆောင်ရေး ဝန်ကြီး Kamel al-Wazir သည်အစိုးရမီးရထားအာဏာပိုင်အဖွဲ့ (NRA) ၏ဥက္ကဋ္ဌဖြစ်သူ အား ပြီးခဲ့သည့် အင်္ဂါနေ့က ရာထူးမှဖယ်ရှားခဲ့သည်။ ထို့အပြင် ဝန်ကြီးသည် အစိုးရမီးရထားအာဏာပိုင်အဖွဲ့ထိပ်တန်းအရာရှိ ၉ ဦးကိုလည်း...