ဂျကာတာ၊ဧပြီ ၂၂ ရက်(ဆင်ဟွာ) သင်္ဘောသား ၅၃ ဦး လိုက်ပါသွားသည့် အင်ဒိုနီးရှားရေငုပ်သင်္ဘောတစ်စင်းသည် ဘာလီကျွန်း ပင်လယ်ပြင်တွင် လေ့ကျင့်ရေးဆောင်ရွက်နေစဉ် ရေတပ်နှင့် အဆက်အသွယ်ပြတ်တောက်သွားကြောင်း အင်ဒိုနီးရှားရေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတင်းမီဒီယာသို့ ဧပြီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ဧပြီ ၂၂ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့ရှိ အမေရိကန်သံရုံးမှ သံရုံးဝန်ထမ်း ၁၀ ဦးကို အပြန်အလှန် လက်တုံ့ပြန်သည့်အနေဖြင့် လာမည့် မေလ ၂၁ ရက် နောက်ဆုံးထား၍ နိုင်ငံမှ ထွက်ခွာသွားရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၁ ရက်တွင် အကြောင်းကြားစာ ပေးပို့ခဲ့သည်။
ပေကျင်း၊ ဧပြီ ၂၁ရက်(ဆင်ဟွာ) တရုတ်နိုင်ငံထုတ်COVID-19 ကာကွယ်ဆေးများသည် ထိရောက်မှု စိတ်ချလုံခြုံမှုရှိကြောင်း ကို ကမ္ဘာအနှံ့ရှိ ကျွမ်းကျင်သူများက သက်သေပြသခဲ့ပြီးဖြစ်သည့်အပြင် ၎င်းကာကွယ်ဆေးများဖြင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများစွာတွင် ကပ်ရောဂါတိုက်ဖျက်ရာ၌ ကူညီပေးနိုင်ခဲ့သည်။ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့်ကာကွယ်ဆေးများကို နိုင်ငံခေါင်းဆောင်များအပါအဝင် တစ်ကမ္ဘာလုံး၌ လူဦးရေ သန်း ၁၀၀ ကျော် ထိုးနှံခဲ့ပြီးဖြစ်ကြောင်းသိရသည်။ဟန်ဂေရီနိုင်ငံမှ ကျွမ်းကျင်သူ...
ဟိုင်နန်၊ဧပြီ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ခြေလှမ်းများသည် တစ်ကမ္ဘာလုံးအတွက် အကျိုးဖြစ်ထွန်းစေသည်ဟု ဘိုးအောက်ဖိုရမ်သို့တက်ရောက်လာကြသူများက ဆိုသည်။၂၀၂၁ ခုနှစ် အာရှဒေသဘိုးအောက်ဖိုရမ် နှစ်ပတ်လည်အစည်းအဝေးအား ယခုသီတင်းပတ်တွင် တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းတွင်ကျင်းပခဲ့သည်။ မကြာသေးမီကထုတ်ပြန်ခဲ့သည့် ၁၄ ကြိမ်မြောက်ငါးနှစ်စီမံကိန်းအားတရုတ်နိုင်ငံဟိုင်နန်၌ ကျင်းပနေသည့် အာရှဒေသဘိုးအောက်ဖိုရမ် (BFA) တွင်ကျယ်ပြန့်စွာဆွေးနွေးခဲ့ကြသည်။ တရုတ်နိုင်ငံ၏ မကြာသေးမီက...
ပေကျင်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက မည်သို့ပင်အင်အားကြီးမားလာခဲ့သည်ဖြစ်စေ ဗိုလ်ကျစိုးမိုးရေး၊ ချဲ့ထွင်ရေးနှင့် သြဇာလွှမ်းမိုးရေးတို့ကို ဘယ်သောအခါမှလုပ်ဆောင်မည်မဟုတ်ကြောင်း သမ္မတရှီကျင့်ဖိန်က ဧပြီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် လက်နက်အပြိုင်ထုတ်လုပ်မှုတွင် ဘယ်သောအခါမှ ပါဝင်သွားမည်မဟုတ်ကြောင်း ရှီက ဆိုသည်။ သမ္မတရှီကျင့်ဖိန်သည် ၂၀၂၁ ခုနှစ်...
မော်စကို၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံ ပါးလ်မိုင်ယာမြို့အနီးရှိ အစွန်းရောက်အဖွဲ့တစ်ဖွဲ့၏ အခြေစိုက်စခန်းတစ်ခုကို ရုရှားလေတပ်က ပြီးခဲ့သည့်ရက်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး လက်နက်ကိုင် (၂၀၀)ခန့် ရှင်းလင်းခဲ့ကြောင်း ဆီးရီးယားပဋိပက္ခညှိနှိုင်းမှုဆိုင်ရာ ရုရှားစင်တာက ဧပြီ ၁၉ ရက် ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရာမလာ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) ပါလက်စတိုင်းရှိ West Bank အနောက်ဘက်ကမ်း နယ်မြေ Nablus မြို့မှ မိသားစုဝင် ၃၂ ဦးပါဝင်သော မိသားစုတစ်ခုသည် ကရာတေး လေ့ကျင့်မှုတွင် အကြီးဆုံးမိသားစုအဖြစ် အတည်ပြုနိုင်ရန် ရည်ရွယ်လျက် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအတွက် လျှောက်ထားမှု ပြီးစီးခဲ့ကြောင်း သိရသည်။
လာဆာ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း၊ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကမ္ဘာ့အမွေအနှစ်နေရာဖြစ်သော Norbulingka ကို ပြန်လည် ပြုပြင်ထိန်းသိမ်းခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေကျင်း ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ လေဆိပ်သစ်သုံးခုတည်ဆောက်သွားမည် ဖြစ်ပြီး ဒေသ၏ ပြီးပြည့်စုံသောသယ်ယူပို့ဆောင်ရေးစနစ်ကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ မြို့ပြလေကြောင်းစီမံခန့်ခွဲမှုဦးစီးဌာန(CAAC)ထံမှ သိရသည်။
နယူးဒေလီ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံသည် လက်ရှိ ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းကို တိုက်ဖျက်နေရခြင်းဖြစ်သော်လည်း တစ်နိုင်ငံလုံး လော့ခ်ဒေါင်းချမည်မဟုတ်ကြောင်း အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီက ဧပြီ ၂၀ ရက် ညပိုင်း ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။