မနီလာ ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံမှ ဝယ်ယူခဲ့သော Sinovac Biotech ၏ CoronaVac ကာကွယ်ဆေး ဒုတိယသုတ်အား ဧပြီ ၁၁ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။ ယင်းကာကွယ်ဆေးများအားမနီလာမြို့သို့ ဖိလစ်ပိုင်လေကြောင်းလိုင်းဖြင့် တင်ပို့ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ၏ ကာကွယ်ဆေး ဝယ်ယူရေးဌာန တာဝန်ခံအရာရှိ...
ဝူးလူမုချီ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံ Sassnitzမှ စတင်ထွက်ခွာလာသည့် “ချန်းအန်” တရုတ်-ဥရောပရထားကြီးသည် မော်တော်ယာဉ်အပိုပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းကိရိယာ၊ ပရိဘောဂ၊ အိမ်သာရေချိုးခန်းသုံး ကုန်ပစ္စည်းများ တင်ဆောင်၍ တရုတ်နိုင်ငံ ရှင်းကျန်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ အားလားဆန်းခိုနယ်စပ်ဂိတ်သို့ ယခုရက်ပိုင်းများအတွင်း အဆင်ပြေချောမွေ့စွာ ရောက်ရှိလာခဲ့သည်။ ၎င်းမှာ ယခုနှစ်အတွင်း ယင်းဂိတ်တွင် ဖြတ်သန်းသွားလာသည့် ရထားအစီးရေ...
ဘန်ကောက်၊ဧပြီ ၁၂ ရက်(ဆင်ဟွာ)ထိုင်းနိုင်ငံဘန်ကောက်မြို့ နှင့် အခြားပြည်နယ်များတွင် အစုလိုက်အပြုံလိုက်ကူးစက်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဧပြီ ၁၁ ရက်က COVID-19 အတည်ပြုလူနာသစ် ၉၆၇ ဦးတွေ့ရှိခဲ့ရာ နေ့စဉ်ကူးစက်မှုအရေအတွက် အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ(CCSA) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဂျကာတာ ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းပြည်နယ် တစ်ခုဖြစ်သည့် အရှေ့ဂျာဗားပြည်နယ်တွင် ဧပြီ ၁၀ ရက်အစောပိုင်းက လှုပ်ခတ်ခဲ့သော ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်ကြောင့် သေဆုံးသူအရေအတွက်သည် ၈ ဦးထိရှိလာပြီး အခြား ၃၉ ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမခံခန့်ခွဲမှုအေဂျင်စီက ဧပြီ ၁၁ ရက်တွင်...
နယူးဒေလီ ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီ၌ တစ်ရက်အတွင်း COVID-19 လူနာသစ် ၁၀,၇၃၂ ဦးထိ မြင့်တက်လာခြင်းကြောင့် စတုတ္ထလှိုင်း ကြုံတွေ့နေရကြောင်း ၊ ယခင်လတွင် နေ့စဉ် အတည်ပြုလူနာ အရေအတွက်မှဦ ၂၀၀ အောက်သာရှိခဲ့သဖြင့် များစွာကွဲပြားခြားနားချက်ရှိကြောင်း နယူးဒေလီဝန်ကြီးချုပ် Arvind...
ဗျူနိုအေးရိစ် ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံ၌ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသူ အရေအတွက်မှာ ၂,၅၁၇,၃၀၀ ဦးထိ မြင့်တက်လာခဲ့ပြီး သေဆုံးသူ ၅၇,၆၄၈ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) AstraZeneca ကာကွယ်ဆေးတွင် ဘေးထွက်ဆိုးကျိုးများရှိနိုင်ခြင်းကြောင့် ယင်းကာကွယ်ဆေး ပထမတစ်လုံးထိုးနှံပြီးသည့် အသက် (၅၅)အောက်ရှိသူ လူအုပ်စုများကို ဒုတိယမြောက်ကာကွယ်ဆေး အခြားအမျိုးအစား တစ်ခု ပြောင်းလဲထိုးနှံပေးမည်ဖြစ်ကြောင်း ပြင်သစ်အစိုးရက ဧပြီ ၉ ရက်တွင် ပြောကြားခဲ့သည်။
ကူမင်း ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရွှေလီမြို့၌ COVID-19 အတွက် သုံးကြိမ်မြောက် မြို့လုံးကျွတ် nucleic acid စစ်ဆေးခြင်းအား ယနေ့ ဧပြီ ၁၁ ရက်တွင် စတင်မည် ဖြစ်ကြောင်း ဒေသအစိုးရထံမှ သိရသည်။
ရွှေလီ၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရွှေလီမြို့တွင် ပြီးခဲ့သည့်မတ်လနှောင်းပိုင်းက COVID-19 ကူးစက်ခံရမှုအသစ်ထပ်မံတွေ့ရှိခဲ့ရာ ရောဂါ ဆိုးဝါးစွာပျံ့နှံ့မှုမရှိစေရန်အစွမ်းကုန် ကုသပေးလျက်ရှိသည်။ရွှေလီတွင် COVID-19 အသစ်ထပ်မံကူးစက်ခံရသူများအတွက် တရုတ်ရိုးရာတိုင်းရင်းဆေးအား အဆင့်မြှင့်တင်ကာ အသုံးပြု ကုသပေးလျက်ရှိသည်။ ဆေးရုံရှိ ဆရာဝန် ၃၀ ကျော်စုပေါင်းကာ တရုတ်ရိုးရာတိုင်းရင်းဆေး ဖော်စပ်ခဲ့ကြသည်။...
ဝူဟန့်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) လွန်ခဲ့သည့် တစ်နှစ်က COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် lockdown ကန့်သတ်ခံခဲ့ရသည့် ဝူဟန့်မြို့သည် တစ်နှစ်အကြာတွင် မူလအတိုင်းပြန်လည် စည်ကားသက်ဝင်နေပြီဖြစ်သည်။ (Xinhua)