ဆန်တီယေဂို၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်း Sinovac မှ ထုတ်လုပ်သည့် CoronaVac ကာကွယ်ဆေးသည် COVID-19 ကာကွယ်ရာတွင် ၆၇ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း ချီလီကျန်းမာရေးဝန်ကြီးဋ္ဌာန က ထုတ်ပြန်သည်။
အစ္စတန်ဘူလ်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) ရုရှားစစ်ရေယာဉ် နှစ်စင်းသည် ဧပြီ ၁၇ ရက်က ဘောစ်ဖောရပ်စ် ရေလက်ကြားကို ဖြတ်သန်းပြီး ပင်လယ်နက်သို့ ဝင်ရောက်ခဲ့ကြောင်း ရုရှားပြည်တွင်းမီဒီယာများက ဖော်ပြထားကြသည်။
ဆန်တီယေဂို ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) တရုတ် ဆေးဝါးကုမ္ပဏီ ဖြစ်သည့် Sinovac မှ COVID-19 တိုက်ဖျက်ရေးအတွက် ထုတ်လုပ်သော CoronaVac ကာကွယ်ဆေးသည် ကူးစက်မှုများ ကြိုတင် ကာကွယ်ခြင်း ၊ ဆေးရုံတင်ကုသမှုများ ၊ အထူးကြပ်မတ်ကုသမှုများ နှင့် သေဆုံးမှုများအား တားဆီးရာတွင် အလွန်ထိရောက်မှု...
မော်စကို၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) ချက်ပြည်သူ့သမ္မတနိုင်ငံက ရုရှားသံတမန် ၁၈ ဦးအား နှင်ထုတ်ခဲ့သည်ကို အပြန်အလှန် လက်တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံက ချက်သံတမန် ၂၀ ဦးကို နိုင်ငံမှ နှင်ထုတ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ဒါကာ ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဧပြီ ၁၈ ရက်တွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် သေဆုံးသူ ၁၀၂ ဦး နှင့်အတူ ယခုထိ COVID-19 ကြောင့် အသေအပျောက်အများဆုံးနေ့ ဖြစ်ကြောင်း သိရသည်။
ကိုင်ရို၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မြောက်ပိုင်းရှိ မြစ်ဝကျွန်းပေါ်မြို့လေးဖြစ်သည့် Toukh မြို့တွင် ဧပြီ ၁၈ ရက်က ရထားတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၁၁ ဦးသေဆုံးပြီး အခြား ၉၈ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း အီဂျစ်ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
လန်ဒန် ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ် အရှိန်အဟုန်မြင့်လာသည့်နှင့်အမျှ တရုတ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများသည် ခရီးစဉ်နေရာများ ပို၍သွားလာနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ အကြံပေးကုမ္ပဏီ ဖြစ်သည့် Henley & Partners က မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းအရ သိရသည်။
ဖနွမ်းပင် ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံက တရုတ်နိုင်ငံမှ ဝယ်ယူထားသော Sinovac COVID-19 ကာကွယ်ဆေး ဒုတိယသုတ်သည် ဖနွမ်းပင်မြို့သို့ ဧပြီ ၁၇ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ယခုသီတင်းပတ်အတွင်း တရုတ်-ဘယ်လာရုစ် စက်မှုဇုန်ဝန်ထမ်းပေါင်း ၁၀၀ ခန့်အား တရုတ်နိုင်ငံမှ ပံ့ပိုးသော COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။ တရုတ်-ဘယ်လာရုစ် စက်မှုဇုန်သည် ဘယ်လာရုစ်နိုင်ငံရှိ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများထဲတွင်တစ်ခုအပါအဝင် ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ဆောင်ရွက်လျက်ရှိသည့် ရပ်ဝန်းနှင့်ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှု၏...
ပေကျင်း၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) နျူကလီးယားစွန့်ပစ်ရေများ ပင်လယ်တွင်းသို့ စွန့်ထုတ်ရန် ဂျပန်နိုင်ငံ၏ ဆုံးဖြတ်ချက်မှာ ဆိုးကျိုးများစွာသက်ရောက်နိုင်ကြောင်း တရုတ်နိုင်ငံ Ocean တက္ကသိုလ် မှ အဏ္ဏဝါဗေဒ ကျွမ်းကျင်သူ ကျောက်တုန်းလျန် က ဆိုသည်။ ဂျပန်နိုင်ငံက ဖူကူရှီးမားနျူကလီးယားစွန့်ပစ်ရေများကို စွန့်ထုတ်မည့်နေရာသည်လည်းအလွန်ပင် ထိခိုက်မှုရှိနိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။...