Connect with us

North America

မြောက်ကိုရီးယား အပေါ် ပြင်းပြင်းထန်ထန် ဖိအားပေးရန် အရှေ့တောင်အာရှ နိုင်ငံများကို အမေရိကန် တိုက်တွန်း

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ် တီလာဆန်အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၅ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံအပေါ်ကို စီးပွားရေးနှင့် သံတမန်ရေးရာ ဖိအားပေးရန် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) အား အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ် တီလာဆန် (Rex Tillerson) က မေလ ၄ ရက်တွင် တိုက်တွန်းလိုက်ကြောင်း အမေရိကန် အဆင့်မြင့် အရာရှိ တစ်ဦးက ပြောသည်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများနှင့် ပထမဆုံး တွေ့ဆုံစဉ်တွင် တီလာဆန်က ဒေသအတွင်း မြောက်ကိုရီးယားနှင့် စီးပွားရေးဆိုင်ရာ ဘဏ္ဍာငွေ စီးဆင်းမှု မလုပ်ဆောင်ကြရန်နှင့် သံတမန် ဆက်ဆံရေး လျှော့ချရန် တိုက်တွန်းခဲ့ခြင်း ဖြစ်ကြောင်း အရှေ့တောင်အာရှဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ပတ်ထရစ် မာဖီ (Patrick Murphy) ထံမှ သိရသည်။

“ဆွေးနွေးပွဲက အရမ်းကို အားရစရာကောင်းပါတယ်” ဟု မာဖီက သတင်းထောက်များအား ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန်အနေဖြင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အားလုံးနှင့် ရှေ့ဆက်ကာ ပိုမို ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မာဖီက ဆိုသည်။

အာဆီယံတွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများ ပါဝင်သည်။

လွန်ခဲ့သည့် နှစ်လကျော်ကစ၍ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည် အစီအစဉ်များအပေါ် အမေရိကန်က စစ်ရေးအရ တိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်မှုဖြစ်ပြီးနောက် အမေရိကန်နှင့် မြောက်ကိုရီးယားနိုင်ငံအကြား ကိုရီးယား ကျွန်းဆွယ်အရေးမှာ တင်းမာမှု မြင့်တက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117