Connect with us

North America

ဂျီမေးလ် သုံးစွဲသူကို ရည်ရွယ်ပြီး လိမ်လည်နှောင့်ယှက်ခံနေရ

Gmail အင်တာနက် စာမျက်နှာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆန်ဖရန်စ္စကို၊ မေ ၅ ရက် (ဆင်ဟွာ)

ဂျီမေးလ် သုံးစွဲသူများအား ရည်ရွယ်ကာ တိုက်ခိုက်မှု တစ်ခု အမေရိကန်ပြည်ထောင်စုတွင် မေလ ၃ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အခြား လိမ်လည်သည့် အလေ့အကျင့်များနည်းတူ အဆိုပါ တိုက်ခိုက်မှုတွင် ဂျီမေးလ် (Gmail) သုံးစွဲသူများထံ ၎င်းတို့နှင့် သိသူ တစ်ဦး ဟန်ဆောင်ကာ အီးမေးလ် တစ်စောင် ပေးပို့ခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း အခြား လိမ်လည်နည်းများနှင့် မတူတာကတော့ Google Doc ကို ချိတ်ဆက်ရန် ဖိတ်ကြားမှု တစ်ခုအဖြစ် ဟန်ဆောင်ထားပါလိမ့်မည်။

ထိုသို့ Google Doc လင့်ခ်အဖြစ် ဟန်ဆောင်ထားသော လိမ်လည် အီးမေးလ်ကို တစ်ကြိမ် နှိပ် (Click) လိုက်ပါက သုံးစွဲသူတွေကို Google.com အင်တာနက် ပေ့ချ် တစ်ခုထံ ရောက်သွားပြီးနောက် အပ် (App) အတွက် ခွင့်ပြုချက် တောင်းခံမှာ ဖြစ်သလို တိုက်ခိုက်သူက ဂျီမေးလ် အကောင့်ကို ရရှိသွားမည် ဖြစ်ပြီး သုံးစွဲသူ၏ အီးမေးလ်များနှင့် ဆက်သွယ်မှုများ အားလုံးကို ရရှိသွားမည် ဖြစ်ကြောင်း သိရသည်။

သို့သော် သုံးစွဲသူအနေဖြင့် ပတ်စ်ဝါ့ခ် (Password) ပြောင်းခြင်း သို့မဟုတ် အကောင့်ကို အဆင့် နှစ်ဆင့် လုံခြုံရေး မြှင့်ထားပါက လိမ်လည်မှုကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း Electronic Frontier ဖောင်ဒေးရှင်းမှ ပညာရှင် Cooper Quintin က ပြောသည်။

ဂူးဂဲလ်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင်မူ အဆိုပါ လိမ်လည်သည့် အကောင့်များနှင့် ပေ့ချ်အတုများကို ဖယ်ရှားပြီး ဖြစ်ကြောင်း ယခုလို နှောင့်ယှက်မှုမျိုးကို ကာကွယ်ရန် ၎င်းတို့ အဖွဲ့အနေဖြင့် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ယခုလို နှောင့်ယှက်မှုမှာ ဂျီမေးလ် သုံးစွဲသူ မည်မျှခန့်အထိ သက်ရောက်မှု ရှိခဲ့ကြောင်းကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117